အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ Mulia Hotel ဟိုတယ်တွင်ကျင်းပပြုလုပ်သော 37th OCA General Assembly သို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၉) ရက်နေ့

      မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တို့တက်ရောက်ခဲ့ကြပါသည်။


 

     အဆိုပါအစည်းအဝေးသို့ OCA ဥက္ကဌ SHEIKH AHMAD ALFAHAD နှင့် အာရှ OCA အဖွဲ့ဝင်နိုင်ငံ (၄၅)နိုင်ငံမှ NOC ဥက္ကဌ များ၊ ဒုတိယ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ IOC မှအဖွဲ့ဝင်များ၊ OCA အောက်ရှိ Standard ကော်မတီ(၁၄) ခုမှ အဖွဲ့ဝင်များတက်ရောက်ကြပါသည်။


 

     အစည်းအဝေးတွင် OCA ဥက္ကဌမှ ဦးဆောင်ကျင်းပ၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသည့်နိုင်ငံများမှ NOC အဖွဲ့ဝင်အသီးသီးနှင့် OCA အဖွဲ့ဝင်အသီးသီးတို့မှ ဂျပန်နိုင်ငံတွင်ကျင်းပမည့် ၂၀၂၀ တိုကျို Olympic Games Organize Committee မှ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များကို လည်းကောင်း၊ ၂၀၂၀ တရုတ်နိုင်ငံ Sanya မြို့တွင် ကျင်းပမည့် Asian Beach Games အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များကို လည်းကောင်း ၊ ၂၀၂၂ Beijing Winter Olympic Games အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် တရုတ်နိုင်ငံ Hangzhou တွင် ၂၀၂၂ 19th Asian Games အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့ကြပါသည်။


 

     ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်မှ IOC နှင့် OCA အဖွဲ့ဝင်များ အကြား အားကစားအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်သည့် အကြံပြုချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားလိုအပ်ချက်များ အကူအညီရရှိစေရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆွေးနွေးခဲ့ကြပါသည်။


 

 

 

 

 
 

 

More Tags