အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံ၊ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈)နှင့် လေ့လာရေးခရီးစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Committee Meeting for Holding National Basic Health Staff (BHS) Forum, Central Evaluation Workshop on Community Health Care Services (2018) and BHS Study Tour

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၂)တွင် အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညီလာခံနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားကိုယ်စားလှယ်များကို စက်တင်ဘာလ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်း လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။


 

     အဆိုပါ ညီလာခံ၊ ဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်ကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး အတွက် ဦးစီးကော်မတီဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ဦးဆောင်၍ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

     အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈)သို့ တိုင်းဒေသကြီး/ပြည်နယ်အားလုံးမှ အခြေခံကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားကိုယ်စားလှယ် (၃၆၂) ဦးအပါအဝင် စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပါသည်။


 
 
 

More Tags