လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ရာထူးတိုးမြှင့်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ၍ လမ်းညွှန်စကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း (၇)ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ လက်ခံတွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ်ရာထူးတိုးမြှင့်၍ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် နေပြည်တော် တို့တွင် တာဝန်ထမ်းဆောင်မည့် သူများအနေဖြင့် တာဝန်ရာဌာနအသီးသီး၌ လုပ်ငန်းများကို ကြိုးစားဆောင်ရွက်စေလိုကြောင်း၊

• နိုင်ငံတကာနှင့်ရင်ဘောင်တန်း ဆက်ဆံပြောဆိုနိုင်စေရန် အင်္ဂလိပ်ဘာသာကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်စေရေး လေ့လာစေလိုကြောင်း၊

 

• အင်္ဂလိပ်ဘာသာပိုမိုကျွမ်းကျင်စေရန်နှင့် အထွေထွေဗဟုသုတကြွယ်ဝရန် နိုင်ငံတကာမှ ပညာရပ်နယ်ပယ်ပေါင်းစုံ ပညာရှင်များ ဟောပြောမှု (TED Talks) ကိုလည်း ကြည့်ရှုလေ့လာစေလိုကြောင်း၊

• မိမိနှင့် သက်ဆိုင်ရာဘာသာရပ်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာကြစေလိုကြောင်း၊

• ကျန်းမာရေးဆိုင်ရာအသိပညာများ၊ အတွေးအမြင်များကြွယ်ဝစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ website (http://www.who.int) နှင့် US CDC website (https://www.cdc.gov) တို့ကို ပုံမှန်ကြည့်ရှုလေ့လာကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags