လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးအား လာရောက်ရှင်းလင်းတင်ပြ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများက (၅-၁၂-၂၀၁၈) ရက် နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ ဆောင်ရွက်နေသောလုပ်ငန်းများကို လာရောက်ရှင်းလင်း တင်ပြခဲ့ပါသည်။

 

 

     ပထမဦးစွာ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာကေခိုင်အေးနှင့် တာဝန်ရှိသူများက၊

- လုပ်ငန်းခွင်စစ်ဆေး ရေးလုပ်ငန်းများ နှင့် အလုပ်သမားများ၏ ကျန်းမာရေးက ိုစစ်ဆေးခြင်းများဆောင်ရွက်နေပုံ၊

- လုပ်ငန်းခွင် ကျန်းမာ ရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေ၌ အစိုးရဝန်ကြီးဌာန များမှ စက်ရုံဝန်ထမ်းများကိုသာ ပုံမှန်အားဖြင့် စောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် အလုပ်သမား များအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရန်လည်း အခက်အခဲများစွာရှိနေပါကြောင်း၊

- မြန်မာနိုင်ငံ၏ လက်ရှိ တရားဝင် Occupational Disease List မှာလည်း ၁၉၂၃ အလုပ်သမားလျော်ကြေးဥပဒေပါ ရောဂါများဖြစ်ပြီး ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေပါကြောင်း၊

 

 

- နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများကိုလည်း အခြေခံ လုပ်ငန်း ခွင့်ရှေးဦးသူနာပြုသင်တန်းများ ပို့ချပေးနိုင်ရန်အတွက် လုပ်ငန်းခွင်ကျန်းမာရေး ရှေးဦး သူနာပြုသင်တန်းလက်စွဲစာအုပ်ကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ရေးသားလျက်ရှိကြောင်း၊

- ပိုးသတ်ဆေးအဆိပ်သင့်မှုအပါအဝင် အဆိပ်သင့်လူနာ များစာရင်းကို ပြည်သူ့ဆေးရုံများမှ လစဉ်ကောက်ယူခြင်းနှင့် ပိုးသတ်ဆေးအဆိပ်သင့်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းနေမှုအခြေအနေများနှင့် အခြားရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

 

     ပြည်ထောင်စုဝန်ကြီးက -

- တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ အလုပ်အကိုင်နှင့် စက်မှုလုပ်ငန်းအမျိုးအစား အလိုက် ဖြစ်နိုင်သော လုပ်ငန်းခွင်ကျန်းမာရေးပြဿနာနှင့် ရောဂါများ (occupational diseases) ကို ဖော်ထုတ်သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊

- ခဲဆိပ်သင့်ခြင်း၊ ပြဒါး (Mercury) ဆိပ်သင့်ခြင်း၊ လေထဲရှိ အန္တရာယ်ရှိသော အမှုန်အမွှားဓါတ်ပစ္စည်းများ (particulate matter) ရှူမိခြင်းကြောင့်ဖြစ်ပွားနိုင် သောရောဂါများ၊ တုန်ခါမှု (vibration)ကြောင့် ဖြစ်ပွားသောရောဂါများ နှင့်စပ်လျဉ်း၍ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို လက်ကမ်း စာစောင်များ ပြုစုထုတ်ဝေသွားစေလိုကြောင်း၊

- လုပ်ငန်းခွင်ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေပုံများ ကိုလေ့လာနိုင်ရန် လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှတာဝန်ရှိသူများကို အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊

 

 

- ပြည်သူ့လူထုအတွင်း ပိုးသတ်ဆေးအဆိပ်သင့်ခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စသောဆက်စပ်နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများ ပါဝင်သော ညှိနှိုင်းအစည်းအဝေးတစ်ခု အမြန်ဆုံးပြုလုပ်စေ လိုကြောင်း၊

- လုပ်ငန်းခွင်ကျန်းမာရေးစစ်ဆေးရေးလုပ်ငန်းများအတွက် အဓိကစံချိန်စံညွှန်း များ (essential indicators) နှင့် မရှိမဖြစ်လိုအပ်သော စက်ပစ္စည်းကိရိယာများ (essential equipment) ကို စဉ်းစားဆုံးဖြတ်သတ်မှတ်ထားစေလိုကြောင်းနှင့်ဝန်ကြီးဌာနမှ လိုအပ် သည်များပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊

- လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်း စဉ် မူဘောင်များရေးဆွဲ၍ ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

     အဆိုပါရှင်းလင်းတင်ပြပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာ သာထွန်းကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 

 
 

More Tags