ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တောင်ကြီး၌ကျင်းပသည့် ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအခမ်းအနားတက်ရောက်

တောင်ကြီး၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့

     ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အဖွင့်မိန့်ခွန်းမြွက်ကြားခဲ့ပြီး အခမ်းအနားသို့ဖိတ်ကြားထားသော လွှတ်တော်ဥက္ကဌများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအားလုံး (၃၀၀)ဦး တက်ရောက်ခဲ့ပါသည်။


 

     ၎င်းနောက် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ ဖွင့်ပွဲအခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီးတို့မှ မူကြိုကလေးငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေး၍ ကလေးငယ်များအတွက် ကစားစရာအရုပ်နှင့် မုန့်များပေးဝေခဲ့ပါသည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် အားဆေးများ၊ အင်အားဖြည့်ဆန်၊ ကြက်ဥနှင့်အိုင်အိုဒင်းဆားများ လက်ဆောင်ပေးဝေခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆားများတွင်အိုင်အိုဒင်းပါဝင်မှုစစ်ဆေးခြင်းများ၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ပြခန်းများ၊ ပိုစတာများနှင့် ခင်းကျင်းပြသထားသော အာဟာရဆေးများ၊ ပညာပေး လက်ကမ်းစာစောင်နှင့်စာအုပ်များကို လှည့်လည် ကြည့်ရှူအားပေးခဲ့ကြပါသည်။

 

More Tags