မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် SOP နှင့် Guideline များ ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့

     အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)၏ Second Year Annual Operational Plan (AOP) အရ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ တွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် SOP နှင့် Guideline များ ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ပန်ဒါ ဟိုတယ်တွင် ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန် တို့က သဘာပတိများအဖြစ်ဆောင်ရွက်၍ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ National Health Plan Implementation Monitoring Unit မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ တက်ရောက်ကြပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ ပါဝင်သည့် အဖွဲ့ငယ်များ ဖွဲ့စည်း၍ အဆင့်ဆင့် ရေးဆွဲပြုစုခဲ့ပြီးဖြစ်သည့် SOP နှင့် Guideline (မူကြမ်း) များကို အမှန်တကယ်လက်တွေ့ အသုံးပြုနိုင်ပြီး ပညာရပ်ဆိုင်ရာ တိကျပြည့်စုံသည့် SOP နှင့် Guideline များ ဖြစ်ပေါ်လာစေရေး အတွက် ရည်ရွယ်၍ ညှိနှိုင်းဆွေးနွေးကာ ပြင်ဆင်ရေးဆွဲခဲ့ကြပြီး အစည်းအဝေးကို ညနေ (၅း၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် လက်ထောက်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များ၏ ဆေးကုသမှုအရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပြီး ယခုအစည်းအဝေးမှ အတည်ပြုပြီးသည့် SOP နှင့် Guideline များကို အမှန်တကယ် အသုံးပြုဆောင်ရွက်မည့် မြို့နယ်ပြည်သူ့ဆေးရုံများ နှင့် တိုက်နယ်ဆေးရုံများမှ ဆရာဝန်များအား မိတ်ဆက်၍ အသိပေးဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

  

   

  

More Tags