မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)၊ အမျိုးသမီးဆရာဝန်များအဖွဲ့က ပေါင်းတည်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့

   မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)၊ အမျိုးသမီးဆရာဝန်များအဖွဲ့၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဟူသောအချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဘာသာရပ်ဆိုင်ရာအထူးကုဆရာဝန်ကြီး (၆၅) ဦးနှင့် အကူအဖွဲ့ဝင် (၃၀) ဦး စုစုပေါင်း (၉၅) ဦးတို့သည် (၂၆-၅-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ဘိုးဘွားရိပ်သာခန်းမ၌ အရိုးအကြောလူနာ (၄၄၂) ဦး၊ မျက်စိလူနာ (၃၃၃) ဦး၊ အရေပြားလူနာ (၇၅) ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းလူနာ (၆၈) ဦး၊ သားဖွားနှင့်မီးယပ်လူနာ (၄၂) ဦး၊ ကလေးလူနာ (၄၃) ဦး၊ သွားလူနာ (၉၀) ဦးနှင့် ဓါတ်မှန်ရိုက်လူနာ (၈) ဦး၊ စုစုပေါင်းလူနာ (၁၈၈၉) ဦးအား တစ်နေ့တာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။ ထို့အပြင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရီရီဝင်း ဦးဆောင်သော ခွဲစိတ်ကုသမှုအဖွဲ့ငယ်သည် ပေါင်းတည်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆေးရုံခွဲစိတ်ခန်းနှင့် အကြီးစားခွဲစိတ်လူနာ (၃) ဦးနှင့် အသေးစားခွဲစိတ်လူနာ (၈) ဦးတို့ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။


 
 
 

 
 
 

 
 
 

 
 

More Tags