မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံနေမှုကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ဘီးလင်း၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ထိုးနှံနေမှုကို အောက်တိုဘာလ(၂၅)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသန္တာလွင် (ရောဂါနှိမ်နင်းရေး)၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင် (ကူးစက်)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်(ကူးစက်)၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာသဲဦးခိုင် တို့အဖွဲ့နှင့်အတူ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်၊ ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှတာဝန်ရှိသူများ၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကန်သာယာ ရပ်ကွက်(၈)၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစုရပ်တွင် အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်ခဲ့ပြီး ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနေမှုကို နည်းပညာဆိုင်ရာ ပူးပေါင်းကူညီကြီးကြပ်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


     ဆက်လက်၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းပပဌေး၊ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာကေသီခိုင်တို့နှင့်အတူ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)ဦးမင်းတင်ဇော်ဦး လိုက်ပါလျက် ရင်းအုံကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ အလူးကြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးထိုး၊ဆေးတိုက်စုရပ်တွင် နည်းပညာဆိုင်ရာပူးပေါင်း ကူညီဆောင်ရွက်ရန် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး (Rapid Convenience Assessment) ကာကွယ်ဆေးရရှိမှု အခြေအနေ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို အလူးကြီးကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

 
 

 

More Tags