မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများသို့ ဒုတိယသမ္မတ (၂) ဦးဆောင်သောအဖွဲ့ သွားရောက်၍ ရေဘေးရှောင် ပြည်သူများနှင့်တွေ့ဆုံ

ကျိုက်မရော၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဩဂုတ်လ (၁၂)ရက်နေ့တွင် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်(၁) ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊

 

     ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်နှင့်တာဝန်ရှိသူများမှ ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးရှောင် စခန်းများသို့ သွားရောက်၍ ပြည်သူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေနှင့် ရေဝင်ရောက်မှုအခြေအနေတို့အား ကြည့်ရှု၍ လိုအပ်သော ထောက်ပံ့မှုများပေးရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags