ဗန်ကောက်မြို့ အခြေစိုက် ကျူးဘားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hector Conde Almeida အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives Ambassador H.E. Mr. Hector Conde Almeida from Bangkok-based Cuba Embassy

နေပြည်တော်၊ (၂၀၁၉)ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရန် လာရောက်ခဲ့သည့် ဗန်ကောက်မြို့ အခြေစိုက် ကျူးဘားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hector Conde Almeida အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် -

• (၂၀၂၀) ခုနှစ်တွင် ကျူးဘားနိုင်ငံတွင် ကျင်းပကာ ကမ္ဘာ့နိုင်ငံပေါင်း (၁၅၀) ကျော်မှ တက်ရောက်မည့် ကျန်းမာရေးနှီးနှောဆွေးနွေးပွဲကြီးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ပါရန် Mr. Hector Conde Almeida က ဖိတ်ကြားခဲ့ပြီး၊

 

• Triangular Cooperation အစီအစဉ် (Cuba- Myanmar- Luxemburg Programme) ကို ပူးပေါင်းဖော်ဆောင်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်သွားရန် ကိစ္စရပ်များကို နှစ်ဖက် ဆွေးနွေးခဲ့ပါသည်။

 

     ယင်းတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags