ပြည်သူ့ဆေးရုံများတွင် ပဋိဇီဝဆေးယဉ်ပါးမှု ထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါးစီမံချက်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပြည်သူ့ဆေးရုံများတွင် ပဋိဇီဝ ဆေးယဉ်ပါးမှု ထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Antimicrobial Resistance Controlling in Hospitals) အခမ်းအနားကို ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်(၉) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။


 

     ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ယခုအလုပ်ရုံဆွေးနွေးပွဲသည် ပြည်သူ့ဆေးရုံများတွင် ကြုံတွေ့နေရသော ပဋိဇီဝဆေးယဉ်ပါးမှုများကို ထိန်းချုပ်နိုင်စေရန်နှင့် Rational use of Antibiatic ဖြစ်စေရန် ဆောင်ရွက်ရမည် နည်းလမ်းများပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးဝါးကဏ္ဍတိုးတက်စေဖို့ အဓိကဆေးဝါး စီမံချက်မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ National Medicines Policy (မူကြမ်း)ကို ၂၀၁၀ ခုနှစ်မှစ၍ ပြုစုထားပြီး ၂၀၁၅ ခုနှစ်တွင် ခေတ်စနစ်နှင့်အညီ ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ပါကြောင်း၊

     အဓိကဆေးဝါး (Essential Medicines) သည် ပြည်သူလူထုအတွင်း အဖြစ်များသောရောဂါ၊ ကျန်းမာရေးပြဿနာများကို ဖြေရှင်းကာကွယ်ပေးနိုင်သော ဆေးဝါးများဖြစ်ပြီး ကုသရေးအတွက်သာမက ရောဂါကာကွယ်ရေးအတွက်ပါ မရှိမဖြစ်လိုအပ်သော ဆေးဝါးများဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပဋိဇီဝဆေးယဉ်ပါးမှုကိုဖြစ်စေသော အကြောင်းအချက်များစွာထဲတွင် ကြောင်းကျိုးညီညွတ်စွာ ပဋိဇီဝဆေးဝါးများမသုံးစွဲခြင်း၊ လူနာကိုယ်တိုင် ကုသမှု ပြီးဆုံးတိုင်အောင် မပြုလုပ်ခြင်းနှင့် ဆေးပတ်လည်အောင်မသောက်ခြင်းတို့ပါဝင်သည်ကို ထောက်ပြထားပါကြောင်း၊


 

     ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်အတွက် Global Action Plan (GAP) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှရေးဆွဲထားပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း National Action Plan (AMR) ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် adop လုပ်နိုင်ခဲ့ပါကြောင်း၊ ပဋိဇီဝဆေးများသည် Precious Resanse များဖြစ်သည့်အတွက် ယခုအချိန်မှစ၍ immediate action များပြုလုပ်ရန်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍ အတွက် အရေးကြီးသော ပြည်သူ့ဆေးရုံများတွင် AMR Controlling နည်းလမ်းများပေါ်ထွက်လာခြင်းဖြင့် ပြည်သူ့ဆေးရုံကြီးများတွင်သာမက ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအတွက်ပါ အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။


 

     ယင်းနောက်အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး Essential Medicines Concept၊ Rational use of Medicines ၊ Irrational use of Medicines ၏ consequences များ Update AMR information and future plan များ၊ AMR ကို One health Approach ရှုထောင့်မှ ရှင်းလင်းတင်ပြခြင်း၊ ဆေးရုံတစ်ချို့၏ Antibiotic Procurement အခြေအနေ၊ Adverse Drug Reaction (ADR) အခြေအနေတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။


 

     အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

More Tags