ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သြစတြေးလျနိုင်ငံမှ ပါလီမန်အမတ် Mrs.Nola Marino (Member for Forrest, Western Australia) နှင့် အဖွဲ့ဝင် ပါလီမန်အမတ်များအား တွေ့ဆုံ

                ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ(၂၇)ရက် မွန်းလွဲပိုင်းတွင် သြစတြေးလျနိုင်ငံမှ ပါလီမန်အမတ် Mrs.Nola Marino (Member for Forrest, Western Australia) နှင့် အဖွဲ့ဝင် (၁၉)ဦး ပါဝင်သော ပါလီမန်အမတ်များအား ဝန်ကြီးရုံးဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

 

 

         ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန်အတွက် သြစတြေးလျနိုင်ငံမှ ပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ၂၀၃၀ ခုနှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်နိုင်ရေးအတွက် Asia Pacific Leaders Malaria Alliance (APLMA) မှ ပံ့ပိုးဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

More Tags