ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မေးရိုးနှင့်မျက်နှာခွဲစိတ် Maxillo-facial ဆေးလက်တွေ့ပညာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့

    (၁၃-၁-၂၀၁၈)နေ့၊ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Centre တွင် မေးရိုးနှင့်မျက်နှာခွဲစိတ် Maxillofacial ဆေးလက်တွေ့ပညာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများတွေ့ဆုံ၍ စီမံခန့်ခွဲမှုဆိုင်ရာ၊ ဆေးနှင့်ဆေးပစ္စည်းလိုအပ်မှုဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် လုပ်ငန်းခွင်ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေးဆိုင်ရာလိုအပ်သည်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအလိုက် ချက်ခြင်းဖြည့်ဆည်းပေးနိုင်သည့်ကိစ္စရပ်များကို ချက်ခြင်းဖြည်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အဆင့်လိုက်၊ အပိုင်းလိုက် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းပေးခဲ့သည်။


 

          တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒေါက်တာမြင့်မြင့်အေး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး၊ ဒေါက်တာကြည်စိုး၊ မေးရိုးနှင့်မျက်နှာခွဲစိတ် Maxillo facial ဆေးလက်တွေ့ပညာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာမိုးသူဇာ၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာသွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာဝင်းထွန်း၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာကျော်စံနိုင်တို့နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


 

        

 

 
 

More Tags