ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဖြစ်မြောက်ရေးကော်မတီနှင့် တွေ့ဆုံ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ (၁၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဧည့်ခန်းတွင် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ ဖြစ်မြောက်ရေးကော်မတီနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဖြစ်မြောက်ရေးကော်မတီ၏ ကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြပါသည်။


 

     ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာခင်မေအုန်း၊ အဖွဲ့ဝင်များဖြစ်သော သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါ်ကော့နောင်၊ သူနာပြု/သားဖွား သင်တန်းကျောင်း၊ စစ်တွေမြို့၊ ကျောင်းအုပ်(ငြိမ်း)၊ ဒေါ်သန်းသန်းနွယ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သူနာပြု)၊ ဒေါ်ဌေးဌေးလှိုင်နှင့် အတွင်းရေးမှူး၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း)၊ ပါမောက္ခ ဦးမင်းဘိုးငြိမ်းတို့ တက်ရောက်ခဲ့ကြပါသည်။

More Tags