ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဂျပန်နိုင်ငံ Nagoya University Graduate School of Medicine မှ Professor Dr. Nobuyuki Hamajima နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဂျပန်နိုင်ငံ၊ Nagoya University Graduate School of Medicine မှ ပါမောက္ခဖြစ်သူ Professor Dr. Nobuyuki Hamajima, Associate Professor Ms. Saw Yu Mon နှင့် Assistant Professor Dr. TetsuyoshiKariya တို့အဖွဲ့အား ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်း၌ လက်ခံတွေ့ဆုံပါသည်။


 

     ယင်းသို့တွေ့ဆုံရာတွင် ပါမောက္ခ Nobuyuki Hamajima က Nagoya University Graduate School of Medicine သည် ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology ၏အထောက်အပံ့ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော Master of Science in Healthcare Administration Course (Young Leaders’ Program) အား တာဝန်ယူ၍ သင်ကြားပေးလျက်ရှိသော တက္ကသိုလ် ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၊ တက္ကသိုလ်အသီးသီးတွင် Healthcare Administration Course၊ Law Course၊ Business Management Course၊ Public Administration/Local Government Course များကို Young Leaders’ Program အဖြစ် အာရှနိုင်ငံပေါင်း (၁၃)နိုင်ငံ (Bangladesh, Cambodia, Kazakhstan, Kyrgyz, Laos, Malaysia, Mongolia, Myanmar, Poland, Romania, Thailand, Uzbekistan, and Vietnam) မှ ပညာတော်သင်များကိုဖိတ်ခေါ်၍ မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြန်မာနိုင်ငံမှ Master of Science in Healthcare Administration Course တက်ရောက် အောင်မြင်ပြီးသူ (၁၁)ဦးခန့်ရှိပြီး လက်ရှိပညာသင်နှစ်တွင် သင်တန်းသူ/ သင်တန်းသား (၃)ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် မြန်မာနိုင်ငံမှ ပညာတော်သင်များ ရွေးချယ်ခေါ်ယူမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် မကြာသေးမီကာလက နိုင်ငံတော်သမ္မတနှင့်အတူ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ထားရှိပြီးဖြစ်ပြီး မြန်မာနိုင်ငံသား ပညာသင်များအတွက် အထောက်အကူပြုသောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ကို ကျေးဇူးတင်ပါကြောင်း၊ အထူးသဖြင့် Nagoya University ၊Young Leaders’ Program၊ Healthcare Administration Course သည် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုပါကြောင်း၊ နောင်အချိန်တွင်နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍကို ဦးဆောင်မည့်သူများအတွက် အရေးကြီးသော ဘာသာရပ်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်တိုးတက်မှုအပြင် ဂျပန်နိုင်ငံသူ/သားများ၏ စည်းကမ်းသေဝပ်မှု၊ အလေးအနက်ရှိမှုနှင့် အချိန်လေးစားမှုတို့သည် သင်တန်းသူ/သားများ ထပ်ဆောင်းရရှိသည့် အကျိုးကျေးဇူးများဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဝန်ထမ်းများ၏ ပညာအရည်အသွေးတိုးမြှင့်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အားဖြည့်ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊


 

သင်ကြားရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားပါကြောင်း၊ ဂျပန်နိုင်ငံကျန်းမာရေးစောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုများအကြောင်း ဗဟုသုတမျှဝေခြင်းကို ဆေးတက္ကသိုလ်များ၌ အခါအားလျော်စွာပြုလုပ်စေချင်ပါကြောင်း၊ မြန်မာနိုင်ငံမှ Master of Science in Healthcare Administration Course အောင်မြင်ပြီးသူများကို Young Leaders’ Program တွင် ပညာသင်ကြားမှုပုံစံနှင့် အတွေ့အကြုံများမျှဝေခြင်းကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် Lunch Time Talk အဖြစ် ပြုလုပ်စေမည်ဖြစ်ပါကြောင်းနှင့် Nagoya University အနေဖြင့်လည်း Young Leaders’ Program နှင့် အခြားဘာသာရပ်များအတွက် မြန်မာနိုင်ငံမှ သင်တန်းသားများ တိုးမြှင့်ခေါ်ယူပေးစေလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

More Tags