နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ မွန်ပြည်နယ်ရှိ ဆေးရုံကြီးများတွင် လှည့်လည်ကြည့်ရှုစစ်ဆေး

မော်လမြိုင်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၄) ရက်

     (၄.၄.၂၀၁၉)ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်နယ် အထွေထွေရောဂါကုဆေးရုံကြီးရှိ ပြင်ပလူနာဌာန၊ ရောဂါရှာဖွေရေးဌာန၊ ပင်မခွဲစိတ်လူနာဆောင်နှင့် ဖျားနာ ဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

     ဆက်လက်၍ ချောင်းဆုံမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ဆေးရုံအတွင်းရှိ လူနာများအား လှည့်လည်ကြည့်ရှုကာ ဆေးရုံအတွက် ဆေးပစ္စည်းများ တောင်းခံရန်၊ စက်ပစ္စည်းကိရိယာများ၊ အဆောက်အဦများ ဟောင်းနွမ်းပါက အသစ်ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ ၎င်းအပြင် ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်းများတို့ကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။

 
 
 

More Tags