ဒုတိယအကြိမ်မြောက် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ကရာတေးဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ ဒုတိယဝန်ကြီး တက်ရောက်ဆုချီးမြှင့်ပေး

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ကရာတေးပြိုင်ပွဲနှင့် နောက်ဆုံးဗိုလ်လုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို (၉-၆-၂၀၁၉) ရက်နေ့ညနေ (၃:၀၀) နာရီအချိန်က ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးသည်။ ဆက်လက်ပြီး Senior တန်း အမျိုးသား/အမျိုးသမီးတစ်ဦးချင်း ''ခတ'' နှင့်''ကုမိတဲ့'' ပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး အသင်းလိုက် ''ကုမိတဲ့'' နှင့် အသင်းလိုက် ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့သည်။

     ဗိုလ်လုပွဲများအပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး အသက် (၁၀, ၁၂, ၁၄) နှစ်တန်းနှင့် သက်ငယ်တန်း ''ကုမိတဲ့'' နှင့် ''ခတ'' ပြိုင်များတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိသူများအားလည်းကောင်း၊ အမျိုးသမီး Senior တန်း ''ခတ'' ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက် Senior ''ခတ'' ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း Senior တန်း ၅၀ ကီလို ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း Senior ၅၅ ကီလို ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း Senior ၆၁ ကီလိုတန်းအောက် ကုမိတဲ့ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း Senior ၆၁ ကီလိုနှင့်အထက် ''ကုမိတဲ့'' ပြိုင်ပွဲ ၊ အမျိုးသားတစ်ဦးချင်း Senior တန်း ''ခတ''ပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက် Senior တန်း ''ခတ'' ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior ၅၅ ကီလို တန်းအောက် ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior ၆၀ ကီလိုအောက် ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior ၆၇ ကီလိုတန်းအောက် ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း Senior ၇၅ကီလိုတန်းအောက် ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior ၇၅ ကီလိုနှင့်အထက် ''ကုမိတဲ့'' ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်ကရာတေးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် အဖွဲ့ချုပ် အမှုဆောင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

 

     ဆက်လက်ပြီး အမျိုးသမီးအကောင်းဆုံးဆုရရှိသော ကယား(က)အသင်းမှ မေမြန်မာညွန့်ဦးခင်နှင့် အမျိုးသားအကောင်းဆုံးဆုရရှိသူ JKA Mandalay TT အသင်းမှ ကျော်ဝင်းသူတို့အား မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးစိုးတင့်မှ အကောင်းဆုံးဆုများချီးမြှင့်ပေးသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်တို့မှ ရွှေ (၄)၊ ငွေ (၃)၊ ကြေး (၂) ခုဖြင့် ပထမတံခွန်စိုက်ဒိုင်းဆု ရရှိ သွားသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဒိုင်း ချီးမြင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

More Tags