မြန်မာကစားသမား အောင်လအန်ဆန် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ကာ ဝိတ်တန်းနှစ်ခု၏ ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာအနေဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်

(၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့

     ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် One Championship မှ ကြီးမှူးကျင်းပသည့် Century MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာကစားသမား အောင်လအန်ဆန်သည် စိန်ခေါ်သူ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖိလစ်ပိုင်ကစားသမား ဘရမ်ဒန်ဗီရာအား ဒုတိယအချီတွင် ဒိုင်ပွဲရပ်အလဲထိုး အနိုင်ရယူပြီး လိုက်ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ကာ ဝိတ်တန်း (၂)ခု၏ ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာအနေဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

More Tags