ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်အတွင်းတွင် ဝန်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည်

နေပြည်တော်၊ ဒီဇင်ဘာလ (၁၁)ရက်။

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှုများပြား၍ လစာစုဆောင်းရရှိမှု နည်းပါးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ပြီး ရင်းနှီးသောမိတ်ဆွေအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသည်တို့ကြောင့် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာနအနေဖြင့်မဖြစ်မနေ အသစ်တည်ဆောက်ရမည့်ဆေးရုံ၊ဆေးခန်းနှင့် လက်ရှိ ဆောက်လုပ်ဆဲဆေးရုံ၊ ဆေးခန်းများမှလွဲ၍ ဆေးရုံအသစ်ဆောက်လုပ်ခြင်းကို တစ်နှစ်တာမျှ ရပ်နားထားမည် ဖြစ်ပြီး ပိုလျှံသောရန်ပုံငွေကို ဝန်ထမ်းအိမ်ရာများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် ဦးစားပေးအစီအစဉ်ဖြင့် ထပ်မံတိုးချဲ့ ဆောက်လုပ်ပေးမည်ဖြစ်သည်။

 

 


 

     ဝန်ကြီးဌာနအနေဖြင့်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် ဆောက်လုပ်ရန်လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာစာရင်းကို (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ် တွင် ဦးစားပေးအစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှတဆင့် (၃-၁၂-၂၀၁၇)နေ့က တောင်းခံထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

More Tags