ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆေးနှင့်ဆေးနှီးနွယ် ပညာရှင်အချင်းချင်း ယခုထက်ပိုမိုထိရောက်စွာ ပူးပေါင်းကုသမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဘွဲ့ကြိုသင်တန်းများတွင် ထည့်သွင်းသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်မှ ဆေးတက္ကသိုလ်များ၊ အခြားဆေးနှီးနွယ်တက္ကသိုလ်များ၊ သူနာပြုသင်တန်းကျောင်း များနှင့် ပူးပေါင်း၍ ပညာရှင်အချင်းချင်း ယခုထက်ပိုမိုထိရောက်စွာ ပူးပေါင်းကုသမှုများဆောင်ရွက်နိုင်ရေး (Interprofessional Education and Collaborative Practice) ကို ဘွဲ့ကြိုသင်တန်း ကာလမှစ၍ လုပ်ငန်းခွင်၌ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။


 

     ထိုသို့ဆာင်ရွက်လျက်ရှိရာတွင် ''Establishment of Interprofessional Education (IPE): Joint Partnership between University of Nursing (Ygn) and University of Medicine 1'' အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ သက်ဆိုင်ရာ တက္ကသိုလ်များမှ Faculty များ၊ IPE Champion များနှင့် ကျင်းပခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများနှင့် Learning outcome များကို သတ်မှတ်ခဲ့ပါသည်။

     ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆွေးနွေးပွဲဖိုရမ်များကို (၃)ကြိမ်ကျင်းပခဲ့ပြီး ဆေးနှင့်ဆေးနှီးနွယ်ပညာရှင် (၇)ဦးမှ တက်ရောက်လာသော ဆေးတက္ကသိုလ်(၁)၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်မှ ကျောင်းသား/သူများအား လုပ်ငန်းခွင်တွင် အဖွဲ့ဝင် (team member) အနေဖြင့် ၄င်းတို့ပူးပေါင်းဆောင်ရွက်သည့် အတွေ့အကြုံများ၊ ၄င်းတို့၏ တာဝန် ဝတ္တရားများ (roles, responsibilities) နှင့် လိုအပ်သည့် အရည်အချင်း (Competencies) များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပါသည်။


 

     ဆေးနှင့်ဆေးနှီးနွယ်ပညာရှင်အချင်းချင်း ယခုထက်ပိုမိုထိရောက်စွာ ပူးပေါင်းကုသမှုများဆောင်ရွက်နိုင်ရေး (Interprofessional Education and Collaborative Practice) သည် နိုင်ငံအသီးသီး၏ ပညာရေးကဏ္ဍတွင် Transformative Education အနေဖြင့် အကောင်အထည်ဖော်ရန် ချမှတ်ထားသည့် မဟာဗျူဟာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ယခုထက်ပိုမို ထိရောက်စွာ ပူးပေါင်းကုသမှုများ ဆောင်ရွက်နိုင်ရေး အထောက်အကူပြုသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် သူနာပြုတက္ကသိုလ်များ၊ဆေးတက္ကသိုလ်များ၊ အခြားဆေးနှီးနွယ် တက္ကသိုလ်များ၊ သူနာပြုသင်တန်းကျောင်းများ၏(Medical and Allied Health Undergraduate Education Programs) ဘွဲ့ကြိုသင်တန်းများတွင် ထည့်သွင်းပို့ချနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 
 

More Tags