ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံပွဲ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဦးစီးဌာနများမှတာဝန် ရှိပုဂ္ဂိုလ်များ တွေ့ဆုံပွဲကို ​ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး တက်ရောက်အမှာစကားပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် တိုင်းရင်းဆေးကဏ္ဍတိုးတက်စေရေးအတွက် သေသေချာချာစုစုစည်းစည်း ညီညီညွှတ်ညွှတ်ဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေး လောကသားများ အနေဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနကဲ့သို့သော ဦးစီးဌာနများမှ ဝိုင်းဝန်းကူညီရမည်ဖြစ်ကာ လိုအပ်သည်များကို ဝန်ကြီးဌာန အနေဖြင့်လည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊


 

     တိုင်းရင်းဆေးပညာဦးစီးဌာန၏ မျှော်မှန်းချက်၊ မဟာဗျူဟာနှင့် ရည်မှန်းချက်များကိုလည်း ပြန်လည်သုံးသပ်၍ ယခုလက်ရှိဆောင်ရွက်နေမှုများနှင့် ကိုက်ညီမှု ရှိ/မရှိ ကိုလည်း ပြန်လည်ဆန်းစစ်ကြရန် ဖြစ်ပါကြောင်း၊ ရာထူးနေရာမြင့်မားလာသည်နှင့်အမျှ မိမိ၏လက်အောက်ငယ်သားများအပေါ် ပိုမို၍သဘောထားကြီးမားစွာထားရှိရန် လိုအပ်သည်ဖြစ်ပါကြောင်း၊ မိမိ၏ လုပ်ငန်းအပေါ်စေတနာထား၍ ရိုးသားစွာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊

     လုပ်ငန်းများကိုပြန်လည်ဆန်းစစ်သုံးသပ်၍ မည်သည့်အရာကိုဦးစားပေး စောင့်ရွက်ရမည်ကို ဦးစားပေးအစီအစဉ်ဖြင့်ဆောင်ရွက်ရန်၊ အလုပ်တာဝန်များအသီးသီးခွဲဝေ သတ်မှတ်ရန်၊ အောင်မြင်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင်လည်း ဆန်းစစ်မှု သုံးသပ်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

     ယခင်ကထုတ်ထားသည့် အမိန်ကြောငြာစာများကိုလည်း ပြန်လည်သုံးသပ်၍ ပြည်သူ အများ အာနိသင်ပြည့်ဝပြီး ​ဘေးကင်းစိတ်ချရသော တိုင်းရင်းဆေးဝါးစစ်စစ်များရရှိသုံးစွဲနိုင်ရေး ကိုဦးထိပ်ထား၍ ပြင်ဆင်ရန်သင့်သည့်အချက်များကို တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ရှုထောင့်၊ ဘေးကင်းစိတ်ချရမှုရှုထောင့် စသည့်ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထိုနောက် အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တာဝန်ရှိ သူများက ဌာနခွဲများအလိုက် လက်တလောဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများအားရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးကြပြီး အမြဲတမ်းအတွင်းဝန်က နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။

More Tags