ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကချင်ပြည်နယ်သို့ ကွင်းဆင်းကြီးကြပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ပြည့်နှစ်၊ဇန်နဝါရီလ(၂၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ကွင်းဆင်းခရီးစဉ်အတွင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီး ဌာနမှူး ဒေါက်တာအေးသိန်း၊ မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလှိုင်လှိုင်ဌေး၊ ပြည်နယ် တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာ ဇက်လွမ်းခေါင် စသည့် တာဝန်ရှိသူများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ ယခုလက်ရှိဖြစ်ပွားလျက်ရှိသည့် Novel Corona virus နှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


     ထိုသို့ လမ်းညွှန်မှာကြားရာတွင် ကချင်ပြည်နယ်၏ အဓိက ဝင်ပေါက်များဖြစ်သည့် လေဆိပ်၊ နယ်စပ်ဝင်ပေါက် များတွင် Airport Surveillance (Fever Surveillance) လုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရန်၊ ဆေးရုံကြီးနှင့်ဆေးရုံများတွင်(Hospital Suverillance) (Fever Surveillance) လုပ်ငန်းများ လုပ်ဆောင်သွားရန်၊ Hotel Surveillance အနေဖြင့် ဟိုတယ်၊ တည်းခိုခန်းများတွင် လာရောက်တည်းခိုသူများ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း၊ အသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ရန်၊ Community Awareness အနေဖြင့် လူထုအတွင်း မှန်ကန်တိကျသော ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ဆေးခြင်းကဲ့သို့ ထိရောက်သည့်နည်းလမ်းများ ပိုမိုတိုးမြှင့် ပညာပေးခြင်း ဆောင်ရွက်ရန်၊ လုပ်ငန်းလုပ်ဆောင်နေမှုများ၊ စောင့်ကြပ်ထောက်လှမ်းခြင်း (Surveillance) အစီရင်ခံစာများကို(Daily Report) နေ့စဉ်ပေးပို့ရန်၊ Stock pilling အနေဖြင့် လိုအပ်သော ဆေးနှင့် ဆက်စပ်ပစ္စည်းများ စဉ်ဆက်မပြတ်ထောက်ပံ့ခြင်း၊ ကြိုတင်ပြင်ဆင်ထားရှိခြင်း ၊ အထက်အဆင့်သို့ တောင်းခံခြင်းများ အချိန်နှင့် တပြေးညီဆောင်ရွက်ရန်၊ ယနေ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ပြုလုပ်မည့် CME တွင် ပြင်ပဆရာဝန်များကို Novel Corona virus နှင့် ပတ်သက်၍ အသိပညာပေးရန်စသည်ဖြင့် ညွှန်ကြားခဲ့ပါသည်။


     ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနအနေဖြင့် လမ်းညွှန်မှာကြားချက်များအတိုင်း အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည့် CME တွင် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှိုင်လှိုင်ဌေးက Awareness for Novel Coronavirus in Community ရှင်းလင်းဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

More Tags