ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဦးဆောင်၍ အလုပ်သင်ဆရာဝန်များအား အရည်အချင်းပြည့်ဝသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော ဆရာဝန်များမွေးထုတ်နိုင်ရန်၊ House Officer Training Program အား ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့

     အလုပ်သင်ဆရာဝန်များအား လေ့ကျင့်သင်ကြားရေး၊ ပိုမိုတိုးတက်ကောင်းမွန်လာပြီး အရည်အချင်းပြည့်ဝသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော ဆရာဝန်များမွေးထုတ်နိုင်ရန်၊ House Officer Training Program အား ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဦးဆောင်ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ ဆောင်ရွက်ခဲ့ပါသည်။


 

     ဘာသာရပ်အသီးသီးမှ ပါမောက္ခ/ဌာနမှူးများ ဦးဆောင်လျက် ဘာသာရပ်အလိုက် အလုပ်သင်ဆရာဝန်တစ်ဦး မဖြစ်မနေတတ်ကျွမ်းသင့်သော၊ Knowledge, Skill အပြင် ဆရာဝန်ကျင့်ဝတ်များလည်း ပါဝင်သော သင်ရိုးညွှန်းတမ်းတစ်ခုကို ရေးဆွဲခဲ့ကြပါသည်။

      (၁.၆.၂၀၁၈)ရက်နေ့တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးဆောင်ရွက်ပြီး ဆေးရုံအုပ်ကြီးများ၊ ပြည်နယ်/တိုင်း ကုသရေးဦးစီးဌာနမှူးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အလုပ်သင်ဆရာဝန်များ၏ သင်ရိုးညွှန်းတမ်းအပြင် အလုပ်သင်ဆရာဝန်များ၏ နေထိုင်ရေး၊ လေ့ကျင့်သင်ကြား ရေးကိစ္စများကို အထူးဆွေးနွေးခဲ့ကြပါသည်။


 

      ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဝင်ရောက်လာမည့် အလုပ်သင်ဆရာဝန်သစ်လွင်များအတွက် အဆင်သင့်ဖြစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။


 
 

More Tags