NOW LOADING

Samsung C&T Corporation, Yangon Office မှ Head of Office ဖြစ်သူ Mr. Jusung Park နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ(၁၁)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ Samsung C&T Corporation, Yangon Office မှ Head of Office ဖြစ်သူ Mr. Jusung Park ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။


 

Mr. Jusung Park နှင့် အဖွဲ့က -

• SAMSUNG C&T မှ ကမ္ဘာ့တစ်ဝန်း၌ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဆေးပစ္စည်းကိရိယာများတစ်ပါတည်းပါဝင် ဆေးရုံတည်ဆောက်မှုလုပ်ငန်းများလည်း ပါဝင်ပါကြောင်း

• ကိုရီးယားနိုင်ငံအစိုးရသည့် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချေးငွေအစီအစဉ်(Bilateral official development assistance (ODA) loan program) ဆိုင်ရာ မူဘောင်သဘောတူညီချက်ရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အဆိုပါ အစီအစဉ်ဖြင့် ဆေးရုံ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံအသစ်တည်ဆောက်ခြင်း၊ အဆင့်မြင့်စက်ကိရိယာများ တပ်ဆင်ခြင်းစသည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• အမျိုးသားအဆင့် ကင်ဆာရောဂါကုသမှုဌာန (National cancer center) တည်ထောင်ရန်အတွက်ကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• ဖြစ်မြောက်နိုင်ခြေ အကဲဖြတ် ဆန်းစစ်မှု (Feasibility Assessment) ကို SAMSUNG ဘက်မှ တာဝန်ယူ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် -

• မိမိတို့အနေဖြင့် Radiation Oncology, Laboratory Diagnostic Center, Rehabilitation Center တို့ကို ဦးစားပေးဆောင်ရွက်လိုပါကြောင်း၊

• ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးအတွက် ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံအသစ်တည်ဆောက်ခြင်း၊ အဆင့်မြင့်စက်ကိရိယာများတပ်ဆင်ခြင်းတို့၌ ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများ၊ Samsung C&T Yangon Office မှ Project Manager ဦးကျော်လင်းမောင်၊ MyanTel Holdings Ltd. မှ ဥက္ကဌ ဦးကျော်ထူးလင်း၊ Chief Operating Officer ဦးမင်းလှတာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags