Hospital Annual Report တင်ပြနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၂၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော Hospital Annual Report တင်ပြနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 
 

     နေ့လယ် (၃:၀၀) နာရီအချိန်တွင် ညှိနှိုင်းအစည်းအဝေး ပထမပိုင်းအနေဖြင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ အမြဲတမ်းအတွင်းဝန် နှင့်အတူ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ လက်ထောက်ဆရာဝန်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ(ဆေးပညာ)နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများဖြင့် ဆေးရုံတက်ရောက်လာနိုင်သော လူနာများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ပြည်သူလူထုကို အသိပညာပေးရေး အစီအစဉ်ဆောင်ရွက် ထားရှိမှုများ၊ ဆေးရုံတက်ရောက်မှု သတင်းအချက်အလက်များ မှန်ကန်တိကျစွာရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူ့ဆေးရုံများတွင် ကုသမှုပေးရာတွင် ပိုမိုထိရောက်စေရန် အတွက် လိုအပ်သည့် သင်တန်း/ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ အစည်းအဝေးပထမပိုင်းကို ညနေ (၄:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပြီး Hospital Annual Report တင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။

 
 

More Tags