First Consultative Meeting on Development of Referral Guidelines ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့

     အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ၏ Second Year Annual Operational Plan (AOP) အရ First Consultative Meeting on Development of Referral Guidelines ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ/အထူးကုဆရာ၀န်ကြီးများ၊ ဆေးရုံအုပ် များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တိုက်နယ်ဆရာဝန်များ တက်ရောက်ခဲ့ကြပါတယ်။

 

     အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာသန်းဝင်းနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင် တို့က သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများ/ကျန်းမာရေးဌာန များ၌ လူနာညွှန်းပို့နေသည့် အခြေအနေများကို လေ့လာဆန်းစစ်ပြီး ခေတ်စနစ်နှင့် လျော်ညီ သည့် ဘေးကင်းစိတ်ချရသော လူနာညွှန်းပို့စနစ်အတွက် လမ်းညွှန်များ (Guidelines) ထွက်ရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါ သည်။

 

More Tags