CT Scan နှင့်အဆောက်အဦ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

မန္တလေး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက် နေ့လည်ပိုင်းအချိန်တွင်မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ရီရှင်းဟိုး(လ်)ဒင်း ကုမ္ပဏီလီမိတက်၊ ဖိုက်အိုးရှင်း(စ်) ဆားဗစ်(စ်)လီမိတက် (ညိမ်းဆေးရုံ၊ မြို့တော်ဆေးရုံ) မိသားစုမှ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းသည့် ကျပ်သိန်း (၁၈၅၀) တန်ဖိုးရှိ 16 slice CT Scan နှင့်အဆောက်အဦ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့တက်ရောက်၍ ကျေးဇူးတင်အမှာစကားပြောကြားကာ အလှူရှင်ဒေါက်တာကြည်ရှင်နှင့်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ဆေးဝါးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags