COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅)ဦး သွားလာခဲ့သော ခရီးလမ်းကြောင်းများ (27-3-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၇) ရက်

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅) ဦး သွားလာခဲ့သော ခရီးလမ်းကြောင်းများအား ဖော်ပြအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည့် ဓာတ်ခွဲအတည်ပြု COVID-19 လူနာနှင့် ထိတွေ့နီးကပ်မှုရှိခဲ့သူများ၊ ယာဉ်တစ်စီးတည်း အတူတကွစီးနင်းခဲ့သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးဌာနနှင့် အနီးဆုံး ကျန်းမာရေးဌာနသို့ မဖြစ်မနေ အမြန်ဆုံး သတင်းပို့ပါ။

C-1 ဓာတ်ခွဲအတည်ပြုလူနာ
အသက် (၃၆) နှစ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့ (တီးတိန်ဆေးရုံ)
- အဆိုပါလူနာသည် ၎င်း၏မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့မှ American Airways (AA 3269) ဖြင့် Chicago သို့လည်းကောင်း၊ Chicago မှ Doha သို့ Qatar Airways (Qatar 726) ဖြင့်လည်းကောင်းထွက်ခွာခဲ့ပါသည်။
- (၁၄-၃-၂၀၂၀) ရက်နေ့တွင် ဒိုဟာမြို့မှ Qatar Airways (QR-916) ဖြင့် ထွက်ခွာလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၅-၃-၂၀၂၀) ရက်နေ့ နံနက် (၅:၃၅) တွင်ရောက်ရှိ ခဲ့ပါသည်။
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (UB – 503) ဖြင့် ထွက်ခွာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက်နေ့ နေ့လည် (၂:၃၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။
- ကလေးမြို့တွင် (၁၅-၃-၂၀၂၀) ရက်နေ့မှ (၁၇-၃-၂၀၂၀) ရက်နေ့ထိ တပ်ဦးသီတာ၊ ရတနာ ပုံလမ်း၌ တည်းခိုနေထိုင်ခဲ့ပြီး (၁၅-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့ကြောင်းနှင့် (၁၆-၃-၂၀၂၀) ရက်နေ့တွင် Cherry Photo Studio တွင် Pre-wedding photo ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။
- (၁၇-၃-၂၀၂၀) ရက်နေ့တွင် ကလေးမြို့မှ တီးတိန်မြို့သို့ ပြည်ချစ်သားလိုင်းကားဖြင့် ထွက်ခွာ လာခဲ့ကြောင်းနှင့် ကားပေါ်တွင် လူ (၁၂) ဦးပါရှိကြောင်းသိရှိရပါသည်။
- တီးတိန်မြို့တွင် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုနေထိုင်ခဲ့ပြီး (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ AG အသင်းတော်ကားဖြင့် ထွက်ခွာခဲ့ကြောင်းသိရှိရပါ သည်။
- (၁၉-၃-၂၀၂၀) ရက်နေ့တွင် နံနက်ပိုင်းတွင် ဖျားခြင်းစတင်ခံစားခဲ့ရသဖြင့် ကပ်တဲလ် ကျေးရွာရှိ PSI ဆေးခန်းသို့ နံနက် (၈:၀၀) နာရီတွင် သွားရောက်ပြသခဲ့ကြောင်း သိရှိရပါ သည်။
- PSI ဆေးခန်းမှ ဆရာဝန်သည် တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ဆက်သွယ်တိုင်ပင်၍ ပြည်သူဆေးရုံဝင်းအတွင်းရှိ (၈) ခန်းတွဲ၊ (၂) ထပ် ဆောင်သစ်၊ အပေါ် ထပ်တွင် စနစ်တကျ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ခဲ့ပါသည်။
- အဆိုပါလူနာသွားရောက်ခဲ့သည့် ခရီးစဉ်တလျှောက်တွင် ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြား စေလိုကြောင်း တိုက်တွန်း အပ်ပါသည်။

C-2 ဓာတ်ခွဲအတည်ပြုလူနာ
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အသက် (၂၆) နှစ် (ဝေဘာဂီဆေးရုံ)
- အဆိုပါလူနာသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ Emirates Airline ဖြင့် ဒူဘိုင်းသို့လည်ကောင်း၊ ဒူဘိုင်းမှတဆင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ FZ 1585 ဖြင့် (၂၂-၃-၂၀၂၀) တွင်ရောက်ရှိခဲ့ပြီး အသွားအလာကန့်သတ် သူများထားရှိရာ လှည်းကူးကျန်းမာရေးသင်တန်းကျောင်း သို့ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ဓမ္မဒူတ ဇေတဝန်တောရဆေကိန္ဒာရာမ ကျောင်းတိုက်၊ မှော်ဘီမြို့တွင်အသွားအလာ ကန့်သတ်ခြင်း ခံယူခဲ့ပါသည်။


C-3 ဓာတ်ခွဲအတည်ပြုလူနာ
အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အသက် (၂၆) နှစ် (ဝေဘာဂီဆေးရုံ)
- အဆိုပါ လူနာသည် (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ဒိုဟာသို့ Qatar Airline (0010 H) ဖြင့်လည်းကောင်း၊ ဒိုဟာမှ ဘန်ကောက်သို့ Qatar Airline (0830 H) ဖြင့်လည်းကောင်း ထွက်ခွာလာခဲပါသည်။
- (၂၁-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှ မြန်မာနိုင်ငံသို့ PG 701 ဖြင့် စီးနင်းလိုက်ပါလာခဲ့ရာ (၂၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၄၅) တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
- လေဆိပ်မှ အင်းစိန်မြို့နယ်ရှိ ၎င်း၏နေအိမ်သို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ပြီး နေအိမ်တွင် မိသားစုဝင် (၇) ဦးနှင့် အတူနေထိုင်ခဲ့ကြောင်း သိရှိရပါသည်။
- (၂၂-၃-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ Hair Saloon သို့ သွားရောက်ခဲ့ ကြောင်း သိရှိရပါသည်။
- အနီးကပ် ထိတွေ့ခဲ့သူ မိသားစုဝင် (၂) ဦးအား ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု၍ ကျန်ထိတွေ့ သူ (၉) ဦးအား နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းအား တင်းကြပ်စွာ ဆောင်ရွက်ထား ရှိပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
- (၂၃-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့်ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။

C-4 ဓာတ်ခွဲအတည်ပြုလူနာ
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး (ကန်တော်နဒီဆေးရုံ)
- မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီတွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်ဆိုးခြင်း၊ မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
- အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ ဒိုဟာသို့ Qatar Airline ဖြင့်လည်းကောင်း၊ ဒိုဟာမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline (QR – 916) ဖြင့်လည်းကောင်း ထွက်ခွာလာခဲ့ပါသည်။
- မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာ မြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

C-5 ဓာတ်ခွဲအတည်ပြုလူနာ
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ဝေဘာဂီဆေးရုံ)
- ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ (၁၀-၃-၂၀၂၀) ရက်နေ့တွင် Australia မှ Singapore သို့ Emarte Airline SG EK -405 ဖြင့်လည်းကောင်း၊ (၁၄-၃-၂၀၂၀) ရက်နေ့တွင် Singapore မှ ရန်ကုန်သို့ Aireline 8M – 232 ဖြင့်လည်းကောင်းစီးနင်းလိုက်ပါလာခဲ့ပါသည်။
- (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ် ကုသမှုပေးခဲ့ပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပါသည်။

 

More Tags