COVID-19 Acute respiratory disease ရောဂါနှင့် ပတ်သက်၍ ပြည်သူ့ဆေးရုံများနှင့် Video Conferencing ပြုလုပ်ခြင်း (6-3-2020, 10:30 AM)

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားလျက်ရှိသော COVID-19 Acute Repiratory Disease နှင့် ပတ်သက်၍ လူနာများအား ဆေးကုသမှုဆောင်ရွက်ရာတွင် ထိရောက်စွာ ကုသနိုင်ရေး ရောဂါဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းလမ်းညွှန်များကို ရှင်းလင်းဆွေးနွေးရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်တို့အတွက် Video Conferencing ပြုလုပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီမှ မွန်းလွဲ (၁၂:၃၀)နာရီ အထိဆောင်ရွက်ခဲ့ပါသည်။


 

     အဆိုပါ Video Conferencing ပြုလုပ်ရာတွင် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ လူနာလွှဲပြောင်းမှုဆောင်ရွက်မည့် ဆေးရုံများ၊ အထွေထွေရောဂါကုဆေးရုံကြီးများ၊ တရားဝင်နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် လူနာများအား လက်ခံ ကုသမှုဆောင်ရွက်နိုင်မည့် ဆေးရုံများတို့မှ ဆေးရုံအုပ်ကြီးများ၊ သမားတော်များ၊ ကလေးအထူးကုဆရာဝန်များ၊ ရောဂါဗေဒအထူးကုဆရာဝန်များစသည့် အထူးကုဆရာဝန်ကြီးများ၊ ဓာတ်ခွဲဝန်ထမ်းများ၊ ရောဂါစောင့်ကြပ်ထောက်လှမ်းမှုဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ Clinical Management Committee for COVID-19 မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့ဝင်များတို့ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။


 
 

More Tags