COVID-19 ရောဂါတုံ့ပြန်ပြင်ဆင်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးရုံများ၏ ပြင်ဆင်ထားရှိမှု သုံးသပ်ရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်းဝယ်ယူရေးဆိုင်ရာ Ad hoc ကော်မတီ အစည်းအဝေးပြုလုပ် (27-3-2020, 1:00PM)

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ(၂၇)ရက်

     COVID-19 ရောဂါတုံ့ပြန်ပြင်ဆင်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးရုံများတွင် ပြင်ဆင်ထားရှိမှု အခြေအနေကို အမြန်ဆုံးသုံးသပ်ရန် လိုအပ်သည့် ပစ္စည်းများ ကြိုတင်တွက်ချက်၍ ဖြည့်ဆည်းဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ဦးဆောင်၍ ကော်မတီ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Central Command Center ၌ (၂၇-၃-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
     အဆိုပါ အစည်းအဝေးတွင် ဆေးရုံများ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို သုံးသပ်၍ ဆေးရုံသုံးပစ္စည်းများ ဖြည့်စွက်ဝယ်ယူရေး၊ ကျန်းမာရေး ဝန်ထမ်းများ တာဝန်ချထားမှုနှင့် တာဝန်ချထား သည့် ကျန်းမာရေးဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး စီစဉ်ထားရှိမှု၊ Mobilization plan၊ စက်ပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ သေဆုံးလူနာများအား စီမံခန့်ခွဲမှု၊ ဆေးရုံဆင်းလူနာများအား Follow up လုပ်ငန်းများ ဆောင်ရွက်မှု စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

More Tags