COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(8-3-2020, 8:00 PM)

 ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -
(က) ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် နေထိုင်သော အသက် (၂၆) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၂၈-၂-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၇-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ညွန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ခ) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပညာသင်ကြားနေသော အသက် (၁၈) နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် (၆-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၊ ဘားအံ မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၇-၃-၂၀၂၀)ရက်နေ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ဘားအံမြို့နယ် ပြည်သူ့ ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ဂ) မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ လက်ထောက်ဆရာဝန်၊ အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၇-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ အာသီး ရောင်ခြင်း ဝေဒနာများခံစားခဲ့ရပြီး ၎င်းမှာ ပြင်းထန်အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း ကန်တော်နဒီဆေးရုံတွင် (၆-၃-၂၀၂၀) ရက်နေ့မှစတင်၍ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူလျက်ရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့မှ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးအား ဆေးကု သမှုပေးခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းအား ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ (အဆိုပါ လက်ထောက်ဆရာဝန် ဆေးကုသမှုပေးခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့မှ စောင့်ကြည့်လူနာ၏ ယနေ့ ညနေတွင် ရရှိသော ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။)

(ဃ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နေထိုင်သော အသက် (၂၄) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် (၅-၃-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း လက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံ ကြီးသို့ လာရောက်ပြသခဲ့ပါသည်။ လူနာမှာ ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင်နှင့် သံသယ လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသော်လည်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ လက္ခဏာများတွေ့ရှိရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

(င) ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် နေထိုင်သော ကိုရီးယားသမ္မတနိုင်ငံသား အသက် (၅၂) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၄-၃-၂၀၂၀) ရက်နေ့တွင် ဘန်ကောက် မြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး (၇-၃-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းများ ခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်​ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိရပါ။

(စ) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၂၈-၁-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ခေါင်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လွန်ခဲ့ သော (၁) လခန့်မှစတင်၍ ဖျားခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း လက္ခဏာခံစားခဲ့ရပြီး (၈-၃-၂၀၂၀) ရက်နေ့တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာ ခံစားခဲ့ရသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ၎င်းမှာ သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ကန်တော်နဒီ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညနေပိုင်းတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊
(ခ) လင်းကယ်တိုက်နယ်ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နေထိုင်သည့် အသက် (၄၁) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(ဂ) ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေထိုင်သည့် အသက် (၃၇) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(ဃ) ကန်တော်နဒီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် နေထိုင်သော အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(င) ကန်တော်နဒီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် (၇၁) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်
(စ) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်နေထိုင်သော အသက် (၃၀) နှစ် အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း (၆) ဦးတို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၄။ စင်ကာပူနိုင်ငံ၌ နေထိုင်ခဲ့စဉ်ကာလအတွင်း COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ်ကြည့်ရှုမှုခံယူလျက်ရှိသော မြန်မာနိုင်ငံသား၊ အသက် (၂၆) နှစ်အရွယ် အမျိုးသားနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် (၂၉) နှစ်အရွယ် အမျိုးသမီး၊ စုစုပေါင်း (၂) ဦးတို့၏ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာများအား ထပ်မံ စစ်ဆေးရာတွင်လည်း COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၅။ ယနေ့ (၈-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၆) ဦးအား သက်ဆိုင် ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၆။ (၈-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်တစ်စီးပေါ်တွင် COVID-19 ရောဂါ ဖြစ်ပွားမှုများပြားနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသား (၁၃)ဦး လိုက်ပါ လာကြောင်း လေယာဉ်မှူးကြီးမှ သတင်းပေးပို့လာပါသည်။ ၎င်းတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုမရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် ရောဂါဖြစ်ပွားမှု မြင့်မားလျက် ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့သို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသဖြင့် အဆိုပါ မြန်မာနိုင်ငံသား (၁၃) ဦးအနက် (၁၀) ဦးအား တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး သို့ လည်းကောင်း၊ (၃) ဦးအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လည်းကောင်း ပို့ခဲ့ပြီး (၁၄)ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၇။ (၈-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၉၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာ ရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

More Tags