COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (22-3-2020, 10:30 PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါစောင့်ကြည့် လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။

၂။ ယနေ့ည (၂၂-၃-၂၀၂၀) ရက်နေ့၊ ညတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှပေးပို့လာသော ဓာတ်ခွဲအဖြေ (ဇယား-၁) အရ သက်ဆိုင်ရာဆေးရုံများရှိ စောင့်ကြပ် ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၁၀) ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း(မရှိကြောင်း) စစ်ဆေး သိရှိရပါသည်။

၃။ (၁၉-၃-၂၀၂၀) ရက်နေ့တွင် မိုင်းနောင်တိုက်နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး ယင်းနေ့တွင်ပင် သေဆုံးခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့နယ်တွင် နေထိုင်သည့် အသက် (၄၁)နှစ် အရွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၄။ ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ လူနာဆောင်သစ်မှ မြန်မာနိုင်ငံသား (၅၄) ဦးနှင့် နိုင်ငံခြားသား (၂) ဦး တို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၅။ ယနေ့ (၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။


 

 

More Tags