COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၂/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the central coordination meeting (42/2020) on preparedness and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၂/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊

 

• ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန (Central Command Centre) သည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းမှုူများ၊ ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်ကာ ပြည်သူများအကျိုးအတွက် ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေသည်ဖြစ်၍ ပါဝင်သူများအားလုံး၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း လုပ်ဆောင်နိုင်ရာ တွင် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အားလုံးသိရှိနိုင်ရန်နှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရေးအတွက် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများဖြင့် ဖွဲ့စည်းထားသော COVID-19 email group တွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊
လူမှုရေးဝန်ကြီးများကိုလည်း ထပ်မံထည့်သွင်း၍ အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊

• ရောဂါဖြစ်ပွားရာနေရာဒေသများမှ ပြန်လည်ရောက်ရှိလာကြသူများအနေဖြင့် (၁၄) ရက်တာကာလ အသွားအလာကန့်သတ်ခြင်းကို လူ့ကျင့်ဝတ်အရ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• အသွားအလာကန့်သတ်ခြင်းခံယူသူများအနေဖြင့် မိမိ၏မိသားစုနှင့် လတ်တလောကာလ၌ (၁၄) ရက်တာ ခွဲခွာနေရခြင်းကို သည်းမခံနိုင်ပါက ရောဂါဖြစ်ပွားမှုရှိပါက တစ်သက်လုံးခွဲခွာ နေရသည့် အဖြစ်မျိုးကိုပင် ကြုံတွေ့ရနိုင်ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာန ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့် တာဝန်ရှိသူများအနေဖြင့် ပြည်သူများအတွက် အကောင်းဆုံးဖြစ်စေမည့် ဆုံးဖြတ်ချက်များကို ပြတ်သားစွာ ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများကို မြန်မာနိုင်ငံပြည်သူများအားလုံးထံ ကျယ်ပြန့်စွာရောက်ရှိ စေရေးအတွက် အဓိအကျဆုံး ကျန်းမာရေးအသိပညာအချက်အလက်များကို ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရေးအတွက် လက်ကိုင်အသံချဲ့စက် (hand-held speaker) များ၊ အသံချဲ့စက် (loud speaker) များအသုံးပြု၍ သင့်တော်ရာယာဉ်များဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည် ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးအသိပေးနှိုးဆော်စာ (health message) များကိုလည်း ပြုစုထားရှိပြီးဖြစ်ပါကြောင်း၊

 

• ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ ပြန်လည် ရောက်ရှိလာသူ များကို ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community based facility quarantine) ဖြင့် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ၎င်းတို့ မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်မည့် နေရပ် လိပ်စာ အတိအကျကိုရယူကာ အသွားအလာ ကန့်သတ်ကာ နေထိုင်စေမည့်နေရာပြ မြေပုံ (Quarantine Mapping) များရေးဆွဲထားရှိပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သတင်းထုတ်ပြန်ထားသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့နီးကပ်မှုရှိခဲ့သူများ၊ ယာဉ် တစ်စီးတည်း အတူတကွစီးနင်းခဲ့သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးဌာနနှင့် အနီးဆုံး ကျန်းမာရေးဌာနသို့ မဖြစ်မနေ အမြန်ဆုံးသတင်းပို့ရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံများတွင် ရောဂါပိုးကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း လုပ်ငန်း လမ်းညွှန်များနှင့် အညီ တိတိကျကျအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• အသက်ရှူစက်များ၊ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများအပါအဝင် ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရရှိမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ဖြန့်ဝေမှုများကိုလည်း လွယ်လင့် တကူကြည့်ရှု စီမံခန့်ခွဲနိုင်ရေးအတွက် dashboard များပြုလုပ်ထားပြီဖြစ်၍ လိုအပ်ချက်ရှိသော ဆေးရုံများသို့ လျင်မြန်စွာထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် -

• တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများ အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဝေထားရှိမှု၊

• ‌မြန်မာနိုင်ငံတွင် တွေ့ရှိရသော COVID-19 လူနာများနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ (contact tracing) ကာ အသွာအသွားအလာကန့်သတ်ထားရှိမှု နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။

More Tags