COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းငွေ ကျပ် (၇၈.၄) သိန်း ကို ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပညာသင်ကြားလျက်ရှိပြီး ပြည်တွင်းသို့ ဇန်နဝါရီလအစောပိုင်းအတွင်းက ပြန်လည်ရောက်ရှိခဲ့သည့် ပညာတော်သင်များမှ စုပေါင်းလှူဒါန်းငွေ ကျပ် (၇၈.၄) သိန်း ကို လာရောက်လှူဒါန်းမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ပါသည်။

 

More Tags