COVID-19 နှင့် ပတ်သက်၍ ဆေးရုံများ၏ လိုအပ်ချက်များအတွက် Video Conferencing ပြုလုပ် (28-3-2020)

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၈) ရက်

     COVID-19 ရောဂါတုံ့ပြန်ပြင်ဆင်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးရုံများတွင် ပြင်ဆင်ထားရှိမှု အခြေအနေကို ဆွေးနွေးကြရန်နှင့် ဆေးရုံသုံးပစ္စည်း လိုအပ်ချက်များအား သိရှိနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့် Video Conferencing ပြုလုပ်ခြင်းကို (၂၈-၃-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီ အချိန်တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများနှင့် ဗဟိုအဆင့် ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် Video Conferencing ပြုလုပ်ခြင်းကို (၂၈-၃-၂၀၂၀)ရက်နေ့၊ နေ့လယ် (၃:၀၀)နာရီအချိန်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။


     အဆိုပါ Video Conferencing တွင် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဆေးရုံကြီးများမှ ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်ချက်များကို တင်ပြကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး၍ ဆေးပစ္စည်းများ ထောက်ပံ့နိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိပါသည်။

 
 

More Tags