Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၀) ကျင်းပ (27-2-2020, 8:30 pm)

Union Minister Dr. Myint Htwe attends the central coordination meeting (25/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်
 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၀) ကို ယနေ့၊ နံနက် (၈:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် -

• မိမိတို့မြန်မာနိုင်ငံတွင် လက်ရှိ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာမရှိသေးသော်လည်း အချိန်မရွေးပေါ်ပေါက်လာနိုင်သည်ကို အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊
• ကိုရီးယားသမ္မတနိုင်ငံတွင် COVID-19 ရောဂါလူနာမရှိခဲ့ရာမှ ရုတ်တရက် ရောဂါဖြစ်ပွားသူအများအပြားပေါ်ပေါက်လာခဲ့သည်ဖြစ်ပါကြောင်း၊
• အဆိုပါ ကိုရီးယားသမ္မတနိုင်ငံတွင် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွား/ သေဆုံးမှုများအား ကူးစက်ရောဂါဗေဒရှုထောင့်မှ ပြန်လည်သုံးသပ်၍ မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်ထားရှိစေလိုပါကြောင်း၊
• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ အပါဝင် ရောဂါဖြစ်ပွားရာ နေရာဒေသများမှ ပြည်တွင်းသို့လာရောက်မည့် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားတွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိကို အထူးအလေးထားစောင့်ကြည့်ရမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားမှုများပြားနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတ နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် တိုက်ရိုက်လေကြောင်းလိုင်းဆက် သွယ်မှုရှိသည့်အတွက် အထူးဂရုပြုစောင့်ကြပ်ကြည့်ရှုရန်လိုအပ်သည့် အနေအထားဖြစ် ကြောင်း၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့်လည်း ဤကိစ္စရပ်ကို ညှိနှိုင်းပေါင်းစပ်ကာ အလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာသံရုံးများမှ တဆင့်ညှိနှိုင်းမှုများဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ရောဂါဖြစ်ပွားမှုရှိသည့်နိုင်ငံများမှ တိုက်ရိုက်ဝင်ရောက်လာသော လေကြောင်းလိုင်းများအား အထူး အလေးထားဦးစားပေး၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ခရီးသည်များ တည်းခိုနေထိုင်ရာနေရာ၊ သွား လာမည့်ခရီးစဉ်များအား စုံစမ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများနှင့် ညှိနှိုင်းပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ၎င်းတို့တည်းခိုနေထိုင်မည့်နေရာများတွင် နေထိုင်ရင်း ရောဂါဖြစ်ပွားမှုသံသယရှိပါကချက်ချင်းသတင်းပေးပို့ရန်မှာ အထူးအရေးကြီးပါကြောင်း၊
• ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဤကိစ္စရပ်နှင့် ပတ်သက်၍ စာဖြင့် အကြောင်းကြား အသိပေးထားရမည်ဖြစ်ပါကြောင်း၊
• ရောဂါဖြစ်ပွားရာနိုင်ငံများတွင် နေထိုင်ခဲ့ပြီး ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသူများအား တတ်နိုင်သမျှ မိမိတို့အိမ်တွင်း၌သာ (၁၄) ရက်ကြာနေထိုင်ရန် (stay home notice)၊ မလွှဲမရှောင်သာ အပြင်ထွက်ပါက နှာခေါင်းစည်း၊ ပါးစပ်စည်း (surgical mask) ကိုအသုံးပြုရန်နှင့် ဖျားနာမှုရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန်နှင့် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို အတိအကျလိုက်နာရန် အလေးထားမှာကြားရမည်ဖြစ်ပါကြောင်း၊
• နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ဆေးရုံကြီးမှ မွမ်းမံ (update) ပြုစုထားရှိသော COVID-19 သံသယလူနာနှင့် ကူးစက်လူနာများ အစုလိုက်ရောက်ရှိလာပါက တုံ့ပြန်ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်အား တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်းပို့ ဆေးရုံများ အပါအဝင် ဆေးရုံများသို့ အမြန်ဆုံးဖြန့်ဖြူး၍ သက်ဆိုင်ရာဆေးရုံအလိုက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်စေလိုကြောင်း၊
• နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ကိုယ်တိုင် ကွင်းဆင်းကြီးကြပ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

 

• မြန်မာနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်များ၊ နယ်စပ် ဝင်ပေါက်/ ထွက် ပေါက်ဂိတ်များတွင် အသုံးပြုလျက်ရှိသော Thermal Scanner များအား ပုံမှန်ချိန်ညှိ (calibrate) ရန် သက်ဆိုင်ရာ ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ပုံမှန်စစ်ဆေး မှုများ ပြုလုပ်စေလိုပါကြောင်း၊
• အများပြည်သူများအသုံးပြုသည့် YBS ဘတ်စ်ကားများ၊ Express ကားများနှင့် သင်္ဘောများ တွင် လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းနှင့်ပတ်သက်သည့် မှန်ကန်သည့်အပြုအမူများအား သိရှိ နားလည်စေရန် ကျန်းမာရေးပညာပေးရာတွင် အသုံးပြုမည့် (၃) မိနစ်စာ Short Message Video အား လိုအပ်သည်များ မွမ်းမံပြင်ဆင်၍ ပြည်သူများထံ အလျင်အမြန် ဖြန့်ဝေပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊
• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသပါက မဖြစ်မနေသတင်းပေးပို့တိုင်ကြားရမည့်ရောဂါ (mandatory reporting) အဖြစ် သတ်မှတ်၍ အမိန့်စာထုတ်ပြန်မည် ဖြစ်ပါကြောင်း၊

 

• မြန်မာနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်များ၊ နယ်စပ် ဝင်ပေါက်/ ထွက် ပေါက်ဂိတ်များတွင် အသုံးပြုလျက်ရှိသော Thermal Scanner များအား ပုံမှန်ချိန်ညှိ (calibrate) ရန် သက်ဆိုင်ရာ ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ပုံမှန်စစ်ဆေး မှုများ ပြုလုပ်စေလိုပါကြောင်း၊
• အများပြည်သူများအသုံးပြုသည့် YBS ဘတ်စ်ကားများ၊ Express ကားများနှင့် သင်္ဘောများ တွင် လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းနှင့်ပတ်သက်သည့် မှန်ကန်သည့်အပြုအမူများအား သိရှိ နားလည်စေရန် ကျန်းမာရေးပညာပေးရာတွင် အသုံးပြုမည့် (၃) မိနစ်စာ Short Message Video အား လိုအပ်သည်များ မွမ်းမံပြင်ဆင်၍ ပြည်သူများထံ အလျင်အမြန် ဖြန့်ဝေပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊
• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသပါက မဖြစ်မနေသတင်းပေးပို့တိုင်ကြားရမည့်ရောဂါ (mandatory reporting) အဖြစ် သတ်မှတ်၍ အမိန့်စာထုတ်ပြန်မည် ဖြစ်ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိစေလိုပါကြောင်း၊
• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင်-
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 အဆုတ်ရောင်ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်ပြည်နယ်၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ် ထိစပ်နေသော ယူနန်ပြည်နယ်နှင့် ပြည်နယ် အလိုက်ရောဂါဖြစ်ပွား/ သေဆုံးမှု အခြေအနေ များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပနိုင်ငံများအနက် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွား/ သေဆုံးမှုမြင့်တက်လာသည့် ကိုရီးယားသမ္မတနိုင်ငံနှင့် စင်္ကာပူနိုင်ငံကဲ့သို့သော နိုင်ငံများမှ ထူးခြား ဖြစ်စဉ်များ၊
• တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေ အနေများ၊
• တိုင်းဒေသကြီး/ပြည်နယ်များအတွင်းတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည့် အခြေအနေများ နှင့် လက်ရှိနေ့စဉ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ

 

• တိုင်းဒေသကြီး/ပြည်နယ်များရှိ ညွှန်းပို့ ဆေးရုံများ (Designated Hospital) များရှိ စောင့်ကြည့်လူနာတို့၏ ကောင်းမွန်သည့် အခြေအနေများ၊
• တိုင်းဒေသကြီး/ ပြည်နယ်များမှ ကြိုတင်ပြင်ဆင်မှုများအတွက် ထပ်မံလိုအပ်လျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းများအား အမြန်ဆုံး ဝယ်ယူနိုင်ရေး၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးသော ဆေးနှင့် ဆေးပစ္စည်းအချို့အား လက်ခံရရှိပြီးဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ညွှန်းပို့ ဆေးရုံများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးစပ်သော ဒေသရှိ ဆေးရုံများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးနိုင်ရေး အခြေအနေများ၊
• အထူးကြပ်မတ်ကုသဆောင်နှင့် ရွေ့လျားလူနာတင်ယာဉ်များတွင် တပ်ဆင်အသုံးပြုမည့် Ventilator အသုံးပြုမှုနှင့်ပတ်သက်၍ ညွှန်းပို့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအား ကျွမ်းကျင်မေ့ဆေးဆရာဝန်ကြီးများနှင့် အရေးပေါ်အထူးကုဆရာဝန်များမှ မန္တလေးအထွေထွ ရောဂါ ကုဆေးရုံကြီးတွင် သင်တန်းပေးမည့်ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး(ကုသရေး)၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags