Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (20-2-2020, 8:30 a.m)

က။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၂၀-၂-၂၀၂၀) ရက်နေ့၊ နံနက်အထိ စောင့်ကြည့်လူနာ (၁၁) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။

ခ။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -

(၁) မန္တလေးပြည်သူ့ဆေးရုံကြီးမှ အသက်(၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊

(၂) လာရှိုးပြည်သူ့ဆေးရုံကြီးမှ အသက်(၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(၃) တောင်သာမြို့နယ်ဆေးရုံမှ အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊

(၄) မြစ်သားမြို့နယ်ဆေးရုံမှ အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊

(၅) မြစ်သားမြို့နယ်ဆေးရုံမှ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊

(၆) ဝေဘာဂီအထူးကုဆေးရုံမှ အသက်(၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး၊

(၇) ဝေဘာဂီအထူးကုဆေးရုံမှ အသက်(၄၉) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်

(၈) လာရှိုးပြည်သူ့ဆေးရုံကြီးမှ အသက်(၄၀) နှစ်အရွယ် အမျိုးသားတစ်ဦး

စုစုပေါင်း လူနာ(၈)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်(စ်)ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို (၂၀-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်း၌ ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြား လာခဲ့ပါသည်။

ဂ။ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ဓါတ်ခွဲစစ်ဆေးမှု အဖြေသတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

 
 

More Tags