NOW LOADING

4th ASEAN HEALTH CLUSTER 2 အစည်းအဝေးကျင်းပ

နေပြည်တော်             စက်တင်ဘာ (၁၃) ရက်

     4th Meeting of ASEAN Health Cluster 2 အစည်းအဝေးကို (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ Aureum Palace ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ASEAN Political Security Community (APSC)၊ ASEAN Economic Community (AEC) နှင့် ASEAN Socio-Cultural Community (ASCC) စသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊


 

     HealthCluster2 တွင် အသစ်ထွက်ပေါ်လာသော ရောဂါများနှင့် ပြန်လည် ဦးမော့လာသောရောဂါများ ကာကွယ်တုံ့ပြန်ခြင်း၊ ဓာတ်ခွဲမှုဆိုင်ရာ စွမ်းရည်မြှင့််‌တင်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေပေါ်အခြေအနေများအား တုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း စသော အရေးကြီးသည့်ကဏ္ဍများ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ASEAN Health Cluster 2 ဥက္ကဌအဖြစ် (၂) နှစ်တိုင် တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုတွင်လည်း များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊


 

     ထိုသို့ တာဝန်ယူဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့‌သော 3rd Meeting of ASEAN Health Cluster 2 မှ ထွက်ပေါ်လာသောရလဒ်များကို လက်ခံဆောင်ရွက်ခြင်း၊ ASEAN Health Cluster2 ၏ ၂၀၁၆-၂၀၂၀ Work Programme အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် မွမ်းမံဆွေးနွေးခြင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ဆန်းစစ်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ASEAN Health Cluster 2 ဥက္ကဌ တာဝန်ကို ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်ရန် လွှဲပြောင်းယူခဲ့ပါသည်။ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ (၂၀) ဦး၊ အာဆီယံအတွင်းရေးမှူးအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ် (၅၀) ဦး၊ စုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို စက်တင်ဘာလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

 
 
 

More Tags