2019 Novel Coronavirus ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (2-2-2020, 8:25 p.m)

တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားသည် (၂-၂-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်မားသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတွင် သွားရောက်ပြသခဲ့ရာ အဆိုပါ ဆေးခန်းမှ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။

အဆိုပါ အမျိုးသားအား နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိသီးခြားခန်းတွင် ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်လက္ခဏာများတွေ့ရှိရပါသည်။

အဆိုပါ အမျိုးသားအား 2019 Novel Coronavirus ရောဂါ သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။

More Tags