(၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

     (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။

 

     အခမ်းအနားတွင် သဘာပတိ အဖြစ် တိုင်းရင်းဆေးပညာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဉီးမြင့်ဝေ (နာယက၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ)၊ ဒေါ်လေးမြင့် (နာယက၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ)၊ ဉီးပေါညိမ်း (တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့)၊ ဉီးစိုးဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို)) တို့က ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးပညာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဆိုပြုစာတမ်း (၄) စောင်ဖြစ်သော -

 

     (၁) တိုင်းရင်းဆေးပညာတွင် တိမ်မြုပ်နေသောနက္ခတ္တနယဆိုင်ရာ ကုထုံးနည်းစနစ်များ ပြန်လည် ဖော်ထုတ်အသုံးပြုရန်၊ (၂) ဝိဇ္ဇာဓရနယကုထုံးနည်းစနစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ (၃) မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာ တိုင်းရင်းဆေးပညာရပ်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်၊ (၄) တိုင်းရင်းဆေးဝါးနှင့် ပရဆေးကုန်ကြမ်းများ ပြည်တွင်းပြည်ပ ဈေးကွက်၌ ဖွံ့ဖြိုး တိုးတက်လာစေရန် တို့ကို စာတမ်းရှင်များက ဖတ်ကြားပြီး တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ညီလာခံ ကိုယ်စားလှယ်တော်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ နှီးနွယ်ပညာရှင်များ စုစုပေါင်း(၂၇၀)ဉီး ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

More Tags