(၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် ရန်ကုန်မြို့၌ 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်နှိမ်နင်းရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လက်တွေ့မြေပြင်အခြေအနေများကို ပြည်ထောင်စုဝန်ကြီးလှည့်လည်ကြည့်ရှုခဲ့စဉ်က တာဝန်ရှိသူများကို မှာကြားချက်များ

(၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လေဆိပ်ကျန်းမာရေးဌာနခွဲ နှင့် အောင်ဆန်းတီဘီရောဂါကုဆေးရုံကြီးတွင် ရှိသော ရောဂါပိုးဓာတ်ခွဲစစ်ဆေးသည့် ဇီဝလုံခြုံမှုအဆင့် ၃ (Bio Safety Level 3) ရည်ညွှန်းဓာတ်ခွဲခန်း တို့သို့ သွားရောက်၍ 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်နှိမ်နင်းရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လက်တွေ့မြေပြင်အခြေအနေများကို ပြည်ထောင်စုဝန်ကြီးလှည့်လည်ကြည့်ရှုခဲ့စဉ်က တာဝန်ရှိသူများကို မှာကြားချက်များ


နေပြည်တော်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့

 

• နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မူဆယ်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊ တမူး အပါအဝင် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်းနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊

• နိုင်ငံတကာမှ ဝင်ရောက်လာသော ခရီးသည်များကို Thermal Scanner အသုံးပြု၍ အဖျားရှိ၊ မရှိ၊ သံသယလူနာစစ်ဆေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်နှင့် မှတ်တမ်းတင်ထားရန်၊

• နှီးနွှယ်ဌာန၊ အဖွဲ့အစည်း၊ တာဝန်ခံများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊


• ဗဟိုကူးစက်ရောဂါဌာနခွဲ (CEU) မှ ကပ်ရောဂါဗေဒဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးကို လုပ်ငန်းများကို ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ချထားရန်၊

• ထို့အပြင် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး လမ်းကြောင်းများကို တိကျစွာသတ်မှတ်ထားရန်၊

• သံသယလူနာများနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာ သိရှိထောက်လှမ်းကာ အချိန်မီကုသခြင်းနှင့် ကူးစက်ပြန့်ပွားမှုတို့ကို ကာကွယ်တားဆီးတုံ့ပြန်ဆောင်ရွက်ရေး အသေးစိတ်ကြိုတင်ပြင်ဆင်ထားရှိရန်၊

• သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များက မိမိဒေသအတွင်းရှိ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး ဗဟိုကူးစက် ရောဂါတိုက်ဖျက် ရေးဌာနခွဲ (CEU) သို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ရန်၊

• ရောဂါဖြစ်ပွားရာ ဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိသော်လည်း ၎င်းတို့တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများကို မှတ်သားထားရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များသို့ အဆိုပါခရီးသည်များနာမကျန်းဖြစ်သည်ဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်သွားရန်၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ ဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများနှင့် ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများအား ရောဂါနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ၊ ရောဂါကာကွယ်မှုဆိုင်ရာ အသိပညာအချက်အလက်များ၊ သတင်းပေးပို့ရမည့် အခြေအနေနှင့် လမ်းကြောင်းများကို ကြိုတင်အသိပေးထားရန်၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့်လာရောက်သည့် ခရီးသည်များအား စနစ်တကျ ပြည့်စုံစွာဖြည့်စွက်စေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတကာလေကြောင်းလိုင်းများသို့ အကြောင်းကြားထားရန်၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု အခြေအနေများကို မျက်ခြေ မပြတ်လေ့လာ၍ တုံ့ပြန်ဆောင်ရွက်သွားရန်၊

• ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သံသယလူနာများ၊ ရောဂါအတည်ပြုလူနာများ လွှဲပြောင်းကုသမှုလက်ခံရန်နှင့် ထားရှိကုသရန်ဆောင်ရွက်ထားမှု၊ ကြိုတင်ပြင်ဆင်ထားမှု များကို ကြိုတင်ဇာတ်တိုက်လေ့ကျင့် (drill) ဆောင်ရွက်ထားရှိမှုများနှင့် အညီ ဆောင်ရွက်ရန်၊

• ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ဆောက်လုပ်ဆဲ (၂) ထပ်လူနာဆောင်သစ်နှင့် (၃) ထပ်လူနာဆောင်သစ်များအမြန်ဆုံး ဆောက်လုပ်ပြီးစီးရေး လုပ်ငန်းများဆောင်ရွက်သွားရန်၊

• လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများသည် များပြားလှသော ခရီးသည်များနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မျက်နှာဖုံးများ စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်သန့်စင်ပိုးသတ်ဆေး (hand sanitizer) အသုံးပြုရေး၊ လူနာများထံမှ ချောင်းဆိုးခြင်းနှင့်နှာချေခြင်းတို့မှ တစ်ဆင့်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် မှန်အကာ အကွယ်ငယ်များတပ်ဆင်အသုံးပြုရန်၊

• နိုင်ငံတကာလေဆိပ်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော Health Declaration Form များကို ပြည့်စုံစွာဖြည့်စွက်ထားသည့် ခရီးသည်များကိုသာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန်၊

• သံသယလူနာထံမှ ဓာတ်ခွဲနမူနာကို မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲခန်း (ရန်ကုန်) တွင် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုး ရှိ၊ မရှိအား ဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်ရန် လိုအပ်သော Primer, Probe, Reagent နှင့် PCR kit ဓာတ်ခွဲစမ်းသပ်ပစ္စည်းများကို ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန် နိုင်ငံ CDC တို့နှင့် ဆက်သွယ်တောင်းခံ၍ မိမိတို့နိုင်ငံ၌ ဤရောဂါပိုးကို ဓာတ်ခွဲ အတည်ပြုစစ်ဆေးနိုင်ရေးဆောင်ရွက်ရန်၊

More Tags