NOW LOADING

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ်အသစ် Mr. Stephan Pierre Sakaliane နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ (၁၃)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ ဌာနေကိုယ်စားလှယ်အသစ် Mr. Stephan Pierre Sakaliane နှင့် အဖွဲ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ICRC တို့ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ICRC ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရန် လာရောက်ခြင်းအား လက်ခံတွေ့ဆုံခဲ့ပါသည်။

 

 

     ထိုသို့တွေ့ဆုံရာတွင် Mr. Stephan Pierre Sakaliane က -

•      အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)တို့ ပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊

•      ICRC အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပူးပေါင်း၍ -

-   ရှမ်းပြည်နယ် (လားရှိုး)၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသာမက မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေးလုပ်ငန်းများ၊ ဆေးရုံနှင့် ကျန်းမာရေးဌာနပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ကျန်းမာရေးအဆောက်အဦပိုင်းဆိုင်ရာ ပံ့ပိုးမှုများ စသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုစာချွန်လွှာ ရေးထိုးဆောင်ရွက်ခြင်း၊

 

 

-      ရခိုင်ပြည်နယ်တွင် ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ရွေ့လျားဆေးခန်းများ၏ အရေအတွက်၊ အရည်အသွေးနှင့် ကွင်းဆင်းကုသမှုအကြိမ်အရေအတွက် (number, quality and frequency) တိုးမြှင့်ဆောင်ရွက်ခြင်း၊

-      ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးစနစ် ပြန်လည်ထူထောင်တည်ဆောက်ရေး (rehabilitation of health facilities and system) လုပ်ငန်းများနှင့် ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပိုမိုကောင်းမွန်စေရေးဆိုင်ရာလုပ်ငန်းများ (upgrading of existing health facilities and system) တွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့်

-  ICRC အနေဖြင့် ဝန်ကြီးဌာနမှရေးဆွဲ ဆောင်ရွက်လျက်ရှိသော အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ အကျဉ်းသားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်လိုပါကြောင်း၊

•      မြစ်ကြီးနား Physical Rehabilitation Centre တွင် ခြေတုများ ပြုလုပ်ပေးခြင်း၊ Wheel Chair Service ပြုလုပ်ပေးခြင်း၊ လက်ပိုင်းဆိုင်ရာများ ပြုလုပ်ပေးခြင်း၊ လက်ထောက်၊ ဂျိုင်းထောက်များ ထောက်ပံ့ပေးခြင်းလုပ်ငန်းများအား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊

•      ဆောင်ရွက်မည့် လုပ်ငန်းများသည် အမျိုးသားကျန်းမာရေး (National Health Plan 2017-2021) တွင်ပါဝင်သောလုပ်ငန်းများနှင့် လည်းကိုက်ညီမှုရှိပါကြောင်း၊

•  လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ မဟာဗျူဟာများနှင့် အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

•      ICRC မှ တင်ပြလာသော လုပ်ငန်းများသည် ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ကိုက်ညီမှုရှိကြောင်း၊

•      ICRC အနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ခွဲခြားဘက်လိုက်မှုမရှိဘဲ လိုအပ်သူများကို လိုအပ်သည့် အကူအညီပေးရန် မှာ အထူးအရေးကြီးကြောင်း၊

•  ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အထူးအလေးထားကာ ဘဏ္ဍာရေး၊ လူ့စွမ်းအား၊ ဆေးနှင့်ဆေးပစ္စည်း စသည့် ဘက်ပေါင်းစုံမှ အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

•      ဝန်ကြီးဌာနလုပ်ငန်းများဆောင်ရွက်မှုများ၊ ICRC နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတကာမှ သိရှိနိုင်စေရန်အတွက်ကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊

•      ဝန်ကြီးဌာနနှင့် ICRC ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည်များ ပံ့ပိုးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ထိုသို့ လာရောက်တွေ့ဆုံမှုတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ နှင့် တာဝန်ရှိသူ များ၊ ICRC မှ Health Coordinator ဖြစ်သူ Ms. Cristina De Leon နှင့် Senior Advisor ဖြစ်သူ ဦးညွန့်အုန်းတို့ တက်ရောက်ခဲ့ပါသည်။

 

More Tags