NOW LOADING

ရန်ကင်းကလေးဆေးရုံကြီး၌ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ခွဲစိတ်ရန်မလိုဘဲ နှလုံးပိုက်သွင်း စမ်းသပ်ကုသစက် (Cardiac Catheterization Laboratory) ဖြင့် အောင်မြင်စွာ ကုသပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ (၁၄)ရက်

     ရန်ကင်းကလေးဆေးရုံကြီး၌ ကလေးနှလုံးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဦး ဦးဆောင်သော အဖွဲ့က မွေးရာပါနှလုံးရောဂါ ကလေးလူနာများ၊ လေးဖက်နာနှလုံးရောဂါ ကလေးလူနာများအား ခွဲစိတ်ရန်မလိုဘဲ အဆို့ (Device) ဖြင့် ပိတ်၍ကုသခြင်း၊ ဘောလုံး (Balloon) ဖြင့် ချဲ့၍ကုသခြင်း၊ နှလုံးကြောထောက်ပြွန် (stent) ထည့်သွင်း၍ကုသခြင်း၊ နှလုံးပိုက်သွင်း၍ ရောဂါရှာဖွေခြင်းများကို နှလုံးပိုက်သွင်း စမ်းသပ်ကုသစက် (Catheterization Laboratory) ဖြင့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ (၃) နှစ်အတွင်း စုစုပေါင်းလူနာ (၇၇၉) ဦးအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

More Tags