မြန်မာစားသုံးသူသမဂ္ဂ (Myanmar Consumers Union) ၏ နယကနှင့် အတွင်းရေးမှူးတို့ကို ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives patron and secretary of Myanmar Consumers Union

နေပြည်တော်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၂-၁-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မြန်မာစားသုံးသူသမဂ္ဂ (Myanmar Consumers Union) ၏ နယကဦးနီနှင့် အတွင်းရေးမှူး ဦးမောင်မောင်တို့ကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာ၌ ကျောင်းမုန့်ဈေးတန်း၌ ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချနိုင်ရေး ကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ လမ်းဘေးဈေးဆိုင်များတွင် ရောင်းချသော အစားအသောက်များ ဘေးအန္တရာယ်ကင်း၍ စိတ်ချစွာစားသောက်နိုင်ရေးအတွက် ပညာပေးခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာမင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

More Tags