သူနာပြု/သားဖွားကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက် ရန် တာဝန်ပေးအပ်ထားသည့်အဖွဲ့ ဖွဲ့စည်းခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သူနာပြုသားဖွား ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပေးရန် တာဝန် ပေးအပ်ထားသည့်အဖွဲ့မှ သတင်းထုတ်ပြန်ကြေညာချက် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အဂတိလိုက်စားမှု အန္တရာယ်ကင်းရှင်းရေးအတွက် အကြံပြုချက်နှင့်အသိပေး တိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်းထုတ်ပြန်ခြင်း (၃-၁၂-၂၀၁၆) ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ ပုဂ္ဂလိက သူနာပြု/သားဖွားအတတ်ပညာသင်ကျောင်းများဖွင့်လှစ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်မြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့်တွေ့ဆုံ၍ ကုသရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး Telemedicine ထူထောင်နိုင်ရေး၊ အားကစားအဖွဲ့အောင်နိုင်ရေး၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်သူကိုဗဟိုပြုသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာစေရန် မီဒီယာကိုအသုံးပြု၍ဆောင်ရွက်၊ မီဒီယာဆက်ဆံရေးအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ (၂၈-၂-၂၀၁၇)

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မီဒီယာဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားရာတွင် ပြည်သူလူထုအကျိုးဆောင်ရွက်ပေးနေသော ဌာနအသီးသီးသည် နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ ပြည်သူကိုဗဟိုပြုသည့်ဝန်ဆောင်မှုများကို ဦးတည် ဆောင်ရွက်လျှက်ရှိပါကြောင်း၊

 

     ဆေးရုံများ၊ ဦးစီးဌာနများသည် ပြည်သူနှင့်ထိတွေ့မှုအများဆုံးဌာနများဖြစ်ပါကြောင်း၊ ဆရာဝန်ကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများသည် လူနာများကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် မိမိတို့၏ မိသားစုသဖွယ်သဘောထားကာ အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း၊
    ဆရာဝန်၊ သူနာပြု၊ လူနာဆက်ဆံရေးသည် မိမိတို့နိုင်ငံတွင်ကာလကြာရှည်စွာ ပြည်သူလူထုယုံကြည် အားကိုးခဲ့သော အလွန်အားကောင်းသည့် ဆက်ဆံရေးတစ်ခုဖြစ်ပါကြောင်း၊ ထိုသို့ရရှိထားသောကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်တည်ဆောက်ပြီး အပြန်အလှန်နားလည်လေးစားမှုရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
    လူနာများအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သောကုသမှုများကိုရရှိပြီး စိတ်ကျေနပ်နှစ်သက်မှုကို ရရှိကာ ဆရာဝန်၊ သူနာပြု၊ လူနာဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့၏ ဦးဆောင်ဆွေးနွေးသည့်ဘောင်အတွင်းမှ မိမိတို့အတွေ့အကြုံများ အပေါ်အခြေခံကာ ပြည်သူကိုဗဟိုပြုသည့်ကျန်းမာရေးစနစ်ဖြစ်ပေါ်လာစေရန် မီဒီယာကိုအသုံးပြု၍ မည်ကဲ့သို့ဆောင်ရွက် သွားကြမည်ကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

     ယင်းနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာဦးရဲနိုင်က " ပြည်သူတို့၏သတင်းသိရှိပိုင်ခွင့် ဖြည့်ဆည်းရေးနှင့် နိုင်ငံတော်အစိုးရ၏ပွင့်လင်းမြင်သာမှုဖေါ်ဆောင်ရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူများက မီဒီယာဥပဒေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြသည်။

 

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

More Tags