ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် Global Ministerial Summit on Patient Safety, 2018 သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ ဆေးဝါးဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ အာဆီယံမြို့ကြီးများ၌ HIV ကင်းစင်ရေး ဒေသဆိုင်ရာအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

ပဉ္စမအကြိမ် အာရှပစိဖိတ်ဒေသဆိုင်ရာ အီလက်ထရောနစ်ကျန်းမာရေးသတင်းကွန်ယက် ညီလာခံဖွင့်ပွဲကျင်းပ (၈-၃-၂၀၁၇)


    ပဥပ္စမအကြိမ် အာရှပစိဖိတ်ဒေသဆိုင်ရာ အီလက်ထရောနစ် ကျန်းမာရေးသတင်းကွန်ယက်ညီလာခံ (Digital Health Conference in the Asia-Pacific and 5th AeHIN General Meeting ) ဖွင့်ပွဲ အခမ်းအနားကို  မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

 

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကျန်းမာရေးသတင်းစနစ် ဆောင်ရွက်ရာတွင် ယခင်က Paper Base စနစ်ဖြင့်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ တိုးတက်လာသော IT နည်းပညာကို အသုံးပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးသတင်းစနစ်သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံး၏ ဦးနှောက်နှင့်အာရုံကြောသဖွယ်လည်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးသတင်းအချက်အလက် မှန်မှန်ကန်ကန်ရရှိမှသာ ဆုံးဖြတ်ချက်များကို မှန်ကန်စွာချနိုင်ပြီး ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ဖြစ်လာမည်ဖြစ်ပါကြောင်း၊

             ရရှိလာသည့် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို တန်ဖိုးရှိသည့် ကျန်းမာရေးသတင်းအချက်အလက်အဖြစ်သို့ ပြောင်းလဲနိုင်မှသာ လုပ်ငန်းများဆောင်ရွက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးသတင်းစနစ်ကို ဆောင်ရွက်ရာတွင် မိမိ၏ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထားကာ ဆောင်ရွက် ခြင်းဖြင့် အရည်အသွေးပြည့်ဝပြီး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးသတင်းစနစ်များနှင့် အီလက်ထရောနစ် ကျန်းမာရေးကဏ္ဍ (eHealth) ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာရှပစိဖိတ်ဒေသနိုင်ငံများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
     ယင်းနောက် သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Rajitha Senarathne နှင့်  WHO, ADB, UNICEF တို့မှ တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံသို့ တက်ရောက်လာကြသူများနှင့်အတူ  အမှတ်တရ ဓါတ်ပုံ ရိုက်ကူးသည်။

 

 

အရည်အသွေးပြည့်ဝသော လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး စနစ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကို  မြန်ဆန်လွယ်ကူစွာ ဆက်သွယ်ပေးပို့ရယူနိုင်ရေးဆောင်ရွက်ရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအခန်းကဏ္ဍသည် အလွန်အရေးကြီးပေရာ အာရှပစိဖိတ်ဒေသဆိုင်ရာ အီလက်ထရောနစ် ကျန်းမာရေးသတင်း ကွန်ယက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အာရှပစိဖိတ်ဒေသဆိုင်ရာ အီလက်ထရောနစ်ကျန်းမာရေးကွန်ယက် ညီလာခံကို (၂၀၁၂) ခုနှစ်မှစတင်ကာ နိုင်ငံများအလိုက်ကျင်းပခဲ့ရာ ယခုပဥပ္စမအကြိမ်ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခြင်းဖြစ်သည်။
    အဆိုပါ ညီလာခံသို့ အာရှပစိဖိတ်ဒေသနိုင်ငံများရှိ ကျန်းမာရေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူမှုဖူလုံရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ IT ပညာရှင်များ၊ ကျန်းမာရေး သတင်းစနစ်နှင့် ကျန်းမာရေးဘောဂဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ တက်ရောက်ကြပြီး ကျန်းမာရေးသတင်းစနစ်နှင့်အီလက်ထရောနစ်ကျန်းမာရေးကဏ္ဍ (eHealth) ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်း၊ နည်းပညာဖြန့်ဝေခြင်းများကို ဆွေးနွေးကြမည်ဖြစ်ပြီး ညီလာခံကို မတ်လ(၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
    နိုင်ငံတကာအတွေ့အကြုံရှိသည့် ပညာရှင်များနှင့်ဆွေးနွေးခြင်း၊ လေ့လာခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းများ ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

 
 

More Tags