NOW LOADING

ထိုင်းနိုင်ငံ Silpakorn University သို့ ပညာတော်သင်သွားရောက်မည့် ပညာတော်သင်များအား ပြည်ထောင်စုဝန်ကြီးမှ သြဝါဒလမ်းညွှန်စကားပြောကြား

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၁၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ Silpakorn University တွင် Doctor of Philosophy Program in Social Administrative Pharmacy သင်တန်းတက်ရောက်မည့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်)မှ ကထိက ဒေါ်မီမီစောနှင့် ဆေးဝါးတက္ကသိုလ် (မန္တလေး)မှ လက်ထောက်ကထိက ဒေါ်ယဉ်ဖြူသင်း၊ Doctor of Philosophy (Pharmaceutical Technology) သင်တန်းတက်ရောက်မည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဘက်ကျွမ်းကျင်-၂ (ဆေးဝါး) ဒေါ်ယဉ်ယဉ်မြတ်တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ သြဝါဒလမ်းညွှန် စကားပြောကြားခဲ့ပါသည်။

 


 

ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် -

• ပညာတော်သင်များသည် နိုင်ငံကို ကိုယ်စားပြုသွားရောက်သူများဖြစ်သောကြောင့် နိုင်ငံတကာတွင် ဂုဏ်သိက္ခာနှင့် အညီ ဝတ်စားဆင်ယင်ပြုမူပြောဆိုနေထိုင်ကြစေလိုပါကြောင်း၊

• အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ သင်ကြားသင်ယူခြင်း၊ ပြောဆိုဆက်ဆံခြင်းများပြုလုပ်ကြရမည်ဖြစ်သဖြင့် အင်္ဂလိပ်ဘာသာစကားကို ယခုထက်ပိုမိုကျွမ်းကျင်တတ်မြောက်စေရန် လေ့ကျင့်စေလိုပါ ကြောင်း၊

• သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့စရိုက်ကို လေ့လာ၍ လေးစားရန်လိုပြီး အခြားကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဆက်ဆံရေးကောင်းမွန်စွာနေထိုင်ကြစေလိုကြောင်း၊ နိုင်ငံတကာ ကျောင်းသားများနှင့် ရင်ဘောင်တန်းနိုင်ရေး ကြိုးစားသင်ယူကြစေလိုပါကြောင်း၊

• ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

More Tags