NOW LOADING

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီနှင့် ငှက်ဖျားရောဂါစီမံချက်များဆိုင်ရာ “စီမံချက်ပြန်လည် မွမ်းမံရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

နေပြည်တော်၊ မတ်လ (၁၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပသည့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီနှင့် ငှက်ဖျားရောဂါစီမံချက်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNOPS နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စီမံချက်ပြန်လည်မွမ်းမံရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ (Reprogramming Workshop)သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

• ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်)၊ တီဘီရောဂါနှင့်ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် မိမိတို့ မြန်မာနိုင်ငံကို အကူအညီပေးခဲ့သော ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)ကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊

• Global Fund အဖွဲ့သည် (၂၀၁၁)ခုနှစ်မှ (၂၀၁၆)ခုနှစ်အတွင်း အမေရိကန်ဒေါ် သန်း(၅၀၀)နှင့် (၂၀၁၇)ခုနှစ်မှ (၂၀၂၀)ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၄၃၉)သန်း ပံ့ပိုးကူညီပေးခဲ့သဖြင့် ရောဂါ(၃)မျိုး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူဖြစ်စေပါကြောင်း၊

• အဆိုပါပမာဏသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အလွန်များသည့် ပမာဏပင်ဖြစ်ပါကြောင်း၊

 

• ပထမဆုံးအနေဖြင့် အေအိုင်ဒီအက်စ်ရောဂါကိုကြသည့်လျှင် (၂၀၀၀)ပြသည့်နှစ်တွင် လူနာသစ်ပေါင်း (၂၉,၀၀၀)ဦးရှိခဲ့ရာမှ (၂၀၁၇)ခုနှစ်တွင် (၁၁,၀၀၀)ဦးအထိ လျော့ကျသွားသည်ကို တွေ့ရှိရပါကြောင်း၊

• ART ဆေးဝါးဖြင့် ကုသနိုင်မှုသည် (၂၀၁၀)ခုနှစ်တွင် (၂၉,၈၂၅)ဦး (၁၃%)ရှိခဲ့ရာမှ (၂၀၁၈)ခုနှစ်တွင် (၁၆၆,၁၂၁)ဦး (၇၃%)အထိ တိုးမြှင့်ကုသစေနိုင်သည်ကို တွေ့ရသဖြင့် ဆေးဝါးကုသပေးနိုင်ခြင်း လွှမ်းခြုံမှုကောင်းလျှင်ကောင်းသလို လူနာအသစ်ဦးရေလျော့ကျနိုင်ပြီး တိုက်ရိုက်အချိုးကျနေပါကြောင်း၊

• နိုင်ငံတစ်ဝှမ်းတီဘီစစ်တမ်း ကောက်ယူခြင်း (၂၀၁၇-၂၀၁၈) အစီရင်ခံစာအရ တီဘီရောဂါသည် (၂၀၀၉-၂၀၁၀)ခုနှစ်တွင် လူဦးရေတစ်သိန်းတွင် (၅၀၂)ဦးရှိခဲ့ရာမှ (၂၀၁၇-၂၀၁၈) ခုနှစ်တွင် (၂၄၂)ဦးအထိ ကျဆင်းနေသည်ကို တွေ့ရပါကြောင်း၊

 

• တီဘီရောဂါအသစ်ဖြစ်ပွားမှု များပြား လာလျှင် ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှုသည်လည်း များပြားလာ၍ ရောဂါဖြစ်ပွားမှုနည်းပါး၍ စီမံချက် လုပ်ငန်းများ အောင်မြင်လျှင် ရန်ပုံငွေသုံးစွဲရမှု လျော့နည်းလာမည်ဖြစ်ပါကြောင်း၊

• ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် (၂၀၁၂)ခုနှစ်တွင် (၃၉၁,၆၇၉)ဦးရှိခဲ့ရာမှ (၂၀၁၇) ခုနှစ်တွင် (၈၅,၀၁၉)ဦးအထိ လျော့နည်းကျဆင်းသွားသည်ကို တွေ့ရပါကြောင်း၊

• ငှက်ဖျားရောဂါဖြစ်ပွားခြင်းသည် ခြင်မှတဆင့် ကူးစက်ပြနိ့ပွားခြင်းဖြင့် ထိန်းချုပ်ရခက်ခဲပါကြောင်း၊

 

• ယခုကဲ့သို့ ကျဆင်းအောင် ဆောင်ရွက်နိုင်ခြင်း အတွက် ဆောင်ရွက်လျက်ရှိသော မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများကို အသိအမှတ်ပြုချီးကျူး ပါကြောင်း၊ ဤနေရာတွင် ကိမိလဗေဒရှုထောင့်မှနေ၍ ငှက်ဖျားခြင်၏ သဘောသဘာဝနှင့် ပေါက်ပွားမှု၊ ငှက်ဖျားခြင်များ၏ ပိုးသတ်ဆေးယဉ်ပါးမှုတို့ကို စဉ်ဆက်မပြတ် လေ့လာ ကြသည့်ရှု့ရန်နှင့် ကိမိလဗေဒဆိုင်ရ စွမ်းဆောင်ရည်မြင့်မားလာစေရေး ဦးစားပေး၍ စီမံချက်ပြင်ဆင်ရေးဆွဲရန် လိုအပ်ပါကြောင်း၊

• ယခုကဲ့သို့ (၂၀၁၈) ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ရောဂါ(၃)မျိုး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဆောင်ရွက်ချက်များ၏ အောင်မြင်မှု၊ ရန်ပုံငွေသုံးစွဲမှုနှင့် စီမံခနိ့ခွဲမှု၊ ရန်ပုံငွေ စုဆောင်းနိုင်မှုများကို ပြန်လည်သုံးသပ်၍ (၂၀၁၉) ခုနှစ်နှင့် (၂၀၂၀)ခုနှစ်တွင် ဆောင်ရွက်မသည့် စီမံချက် ပြန်လည်မွမ်းမံ ပြင်ဆင်ရေးဆွဲရာ၌ ဂရုပြုဆောင်ရွက်ရမသည့်အချက်များကို မိမိအနေဖြင့် မှာကြားလိုပါကြောင်း၊

• ကူးစက်ရောဂါများဖြစ်သသည့်အတွက် အလေးထားဂရုစိုက်ဆောင်ရွက်မှု အထူးသဖြင့် စောင့်ကြပ် ကြသည့်ရှုခြင်းကို မလျှော့သင့်ပါကြောင်း၊

 

• အောင်မြင်မှုရရှိလာပါကလည်း ဆောင်ရွက်ချက်များကို ရုတ်တရက်မရပ်လိုက်ဘဲ ဖြည်းဖြည်းချင်းသာ လျှော့သင့်ပါကြောင်း၊ အမြဲဂရုပြုရမည်မှာ ရောဂါများ ဖြစ်ပွားမှုကို သုံးသပ်သသည့် Epidemiology အရ ရောဂါဖြစ်စေသော ပိုး၊ ရောဂါလက်ခံသူနှင့် ပတ်ဝန်းကျင်၊ ရောဂါပျံ့နှံ့မှု Epidemiology အရ အချိန်၊ နေရာနှင့်လူတို့ပင်ဖြစ်ကြောင်း၊ စာရင်းဇယား အချက်အလက်များ သတင်းပေးပို့မှုစနစ်တို့ကိုလည်း အလေးထားရမည်ဖြစ်ပြီး ပြန်လည်သုံးသပ် အကြံပြုခြင်း စနစ် (Feedback system)ကိုလည်း ပိုမိုမြှင့်တင်ရန် လိုကြောင်း၊

• စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သို့ပင်အောင်မြင်မှုများရနေစေကာမူ ပိုမိုအောင်မြင်စေရန် ပြောင်းလဲဆောင်ရွက် ရမသည့်အချက်များ အမြဲပင်ရှိနေပါကြောင်း၊

• ရရှိသော ရန်ပုံငွေများကို မည်သို့ထိရောက်အကျိုးရှိစွာ သုံးစွဲရမည်ကိုလည်း သုံးသပ်ရမည်ဖြစ် ပါကြောင်း၊ ကျွမ်းကျင်သသည့်လူသားအရင်းအမြစ် အခြေအနေကိုလည်း သုံးသပ်ကြရမည်ဖြစ်ပါ ကြောင်း၊

• အထူးသဖြင့် ငှက်ဖျားရောဂါအတွက် ခြင်ပေါက်ပွားမှုအလေ့အထဆိုင်ရာမြေပုံများ ပိုမို အလေးထားဆောင်ရွက်ရန်၊ အေအိုင်ဒီအက်စ်ရောဂါအတွက် ဆေးကုသမှုနယ်ပယ်မှ သမားတော်များ နှင့်တွဲဖက်၍ ကုသမှု စမ်းသပ်ချက်များကိုလည်းကောင်း၊ ရောဂါဖြစ်ပွားသသည့် အသက်အုပ်စုအခြေ အနေကိုလည်းကောင်း၊ ပြည်သူတို့၏ အသိပညာဗဟုသုတခံယူချက်ကိုလည်းကောင်း သိရှိအောင် ဆောင်ရွက်ရန်၊ တီဘီရောဂါတွင် ဆေးယဉ်ပါးတီဘီရောဂါများ ဖြစ်ပွားနေမှုကိစ္စရပ်များကို အလေး ထားဆောင်ရွက်ရန် အလေးထား မှာကြားလိုပါကြောင်း၊

 

• ယခုအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယဦးစီးဌာနမှူးများလည်း တက်ရောက်နေသသည့်အတွက် ဤရောဂါ (၃)မျိုးအတွက် ကာကွယ်နှိမ်နှင်းရေးဆိုင်ရာ လုပ်ငန်းများတွင် တိုင်းဒေသကြီး/ပြည်နယ်များက မိမိတို့၏ အဓိက ကိုယ်ပိုင်အရေးသဖွယ် ဆောင်ရွက်ရန်လိုပြီး ဗဟိုမှ လိုအပ်သော နည်းပညာပံ့ပိုးမှုသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ်များမှ အကြံဉာဏ်များလည်းရယူရန်နှင့် ယခုအစည်းအဝေးတွင် အပြန်အလှန်တက်ကြွစွာ ဆွေးနွေးကြရန် ဖြစ်ကြောင်း၊

• ဤရောဂါ (၃)မျိုး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများတွင် ဆောင်ရွက်သော မိတ်ဖက် အဖွဲ့အစည်း အလွန်များပြားသသည့်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး လုပ်ငန်းတာဝန်ခွဲခြားဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မသည့် စီမံချက်လုပ်ငန်းများသည် လက်တွေ့မြေပြင်အခြေအနေကို ထင်ဟပ်သသည့် လုပ်ငန်းများဖြစ်ရန် လိုအပ်ပါကြောင်း၊

• ပြန်လည်မွမ်းမံရေးဆွဲမသည့် စီမံချက်ပါလုပ်ငန်း များသည် အမျိုးသားကျန်းမာရေး စီမံကိန်း(၂၀၁၇-၂၀၂၁)၊ ဝန်ကြီးဌာနမှ ရေးဆွဲထားသသည့် မူဝါဒများ/ နည်းဗျူဟာများနှင့် ထပ်တူကျ ကိုက်ညီရန်လိုအပ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားပါသည်။

     ထို့နောက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ အဓိကရန်ပုံငွေ လက်ခံဆောင်ရွက်သော UNOPS အာရှဒေသ မှ စီမံချက်ညွှန်ကြားရေးမှူး Dr. Attila Molnar က လမ်းညွှန်မှုများပေးသသည့်အတွက် ပြည်ထောင်စု ဝန်ကြီးအား ကျေးဇူးတင်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပါသည်။

     ယင်းနောက် အစီအစဉ်အရ ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ အဓိကရန်ပုံငွေ လက်ခံသူအဖွဲ့ (Principle Recipient) များဖြစ်သသည့် UNOPS နှင့် Save the Children အဖွဲ့တို့ကရရှိခဲ့သော ရန်ပုံငွေဖြင့် ရောဂါ (၃)မျိုး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြ ကြပါသည်။

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ် (၁၅)ရက်နေ့အထိ နေပြည်တော်၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမျိုးသားစီမံချက်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ကြပါသည်။

More Tags