ပြည်သူလူထုအနေဖြင့် မိမိတို့တွင် တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟုထင်ပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူပါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသော ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၃) ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၄)

ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှကျင်းပသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင်မိတ်ဆက်ခြင်း အခမ်းအနား ကို မေလ(၁၇)ရက်နေ့ နံနက်(၉:၀၀) နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။

 

        ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားမဟာဗျူဟာတတိယ(၅)နှစ်စီမံကိန်းတွင် မဟာဗျူဟာ (၅)ရပ်ပါဝင်ပြီး အဆိုပါ မဟာ ဗျူဟာများကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အခြေအနေများနှင့် လိုက်လျောညီထွေစွာ လက်တွေ့အကောင်အထည်ဖေါ်နိုင်ရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ အမျိုးသားမဟာဗျူဟာစီမံကိန်းတွင်ပါဝင်သော အချက်များ ကို လုံးဝကြေညက်သည်အထိ အမြဲစိတ်မှာစွဲမြဲစေရန် အခေါက်ပေါင်းများစွာ ဖတ်ရှု့ထားသင့် ကြောင်း၊ မဟာဗျူဟာ(၅)ချက်အပြင် လက်တွေ့မည်သို့ လုပ်ငန်းအကောင်အထည်ဖော်မည့် မဟာ ဗျူဟာကိုပါ ထည့်သွင်းဖော်ပြသင့်ပါကြောင်း၊ ရရှိထားသော အရင်းအမြစ်များကို ဦးစားပေးအဆင့် အလိုက် အကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ပြည်တွင်းအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါသည် လူ့အသိုက်အဝန်း၊ လူမှုရေးကိစ္စများနှင့်ပတ်သက်ဆက်နွယ်သော ရောဂါဖြစ်သည့် အလျောက် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ၊ အထူးသဖြင့် လူမှုရေး ဝန်ကြီးများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါကြောင်း၊

     သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်းအရေးကြီးပါ၍ သတင်းမီဒီယာများအနေဖြင့် သတင်းအချက်အလက်များထုတ်ပြန်ရာတွင် မှန်ကန်သောအချက်အလက်များကို အပြုသဘောဆောင်သော အမြင်ဖြင့် ထုတ်ပြန်ပေးစေလိုကြောင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နှီးနွယ်ဝန်ကြီးဌာန များအားလုံးပူးပေါင်း ဆောင်ရွက်မှသာအောင်မြင်မည်ဖြစ်ကြောင်း၊ ယခုအမျိုးသားမဟာဗျူဟာ စီမံကိန်းတွင် ရောဂါ ကူးစက်မှုနှင့် အခြားလူမှုရေး၊ စီးပွားရေး အခြေအနေများ စသည့်အချက်အလက်များအပေါ် အခြေခံ၍ ဦးစားပေးအဆင့် ဒေသများသတ်မှတ်ထားပြီး ဝန်ဆောင်မှု လိုအပ်သူများထံသို့ ထိရောက် သောဝန်ဆောင်မှုများကိုကုန်ကျစရိတ်လေလွင့်မှုမရှိစေရန် မဟာဗျူဟာများကို ထည့်သွင်းရေးဆွဲ ထားသည်ကိုတွေ့ရ၍ ဝမ်းမြောက်ပါကြောင်း၊

 

     ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာသုတေသနလုပ်ငန်းများကိုလည်းတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နှစ်စဉ်အိပ်ချ်အိုင်ဗွီဖြစ်ပွားနှုန်း တဖြည်းဖြည်းလျော့နည်းလာသော်လည်း အာရှဒေသနိုင်ငံ များအတွင်း သက်ရောက်မှုတစ်ခုအဖြစ်ရှိနေပါကြောင်း၊ လက်ရှိအခြေအနေတွင် လုပ်ငန်းဆောင်ရွက်ရန် Global Fund အဖွဲ့မှ ရန်ပုံငွေရရှိပြီးနိုင်ငံတော် အစိုးရမှလည်း ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေကို နှစ်စဉ် တိုးမြှင့်ထည့်ဝင်ခဲ့ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကိုရပ်တန့်စေ၍ ပြန့်ပွားမှုလျော့နည်းကျဆင်းစေရန်နှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါအတွက် ဆေးဝါးလိုအပ်သူအားလုံး လက်လှမ်းမီရရှိနိုင်ရန်တို့ကို ပြည့်မီနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို တိုက်ဖျက်ရာတွင် ဆေးကုသမှုများ ပိုမိုဆောင်ရွက်နိုင်ခြင်းမှာ လုပ်ငန်းသဘောအရ ကောင်းမွန်သော်လည်း တကယ့် လက်တွေ့အောင်မြင်မှုအနေဖြင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဖြစ်ပွားသူ အသစ်ဦးရေ ကျဆင်း လာမှ (သို့မဟုတ်) အသစ်ဖြစ်ပွားသူ မရှိမှသာလျှင် အောင်မြင်မှုအစစ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း ပိုမိုဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

     ယနေ့အခမ်းအနား၏ အဓိကရည်ရွယ်ချက်များမှာမြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်ကုသရေး လုပ်ငန်းများကိုရရှိထားသော အရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာအသုံးချ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလူတိုင်းလက်လှမ်းမီရရှိရေးအတွက် ချမှတ်ရေးဆွဲထားသော မဟာဗျူဟာများနှင့်ပတ်သက်၍ အသိပေးမိတ်ဆက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

    ထို့နောက် UNAIDS မှ Country Director၊ Mr. Eamonn Murphy ကပြောကြား ရာတွင် မဟာဗျူဟာစီမံကိန်းအသစ်တွင် ရန်ပုံငွေကိုလေလွင့်မှုမရှိစေရန် ထိရောက်သော မဟာဗျူဟာများ ထည့်သွင်းရေးဆွဲထားကြောင်း၊ ရောဂါအသစ်ဖြစ်ပွားမှုကို လျော့နည်းအောင် ကာကွယ်ခြင်းလုပ်ငန်းများကိုထည့်သွင်းရေးဆွဲထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ အိပ်ချ်အိုင်ဗွီပိုးရှိ ရှင်သန်သူများ၏ (၆၃.၇%)သည် အေအာတီဆေးကုသမှု လုပ်ငန်း များကိုလက်လှမ်းမီရရှိနေပြီဖြစ်ကြောင်း၊ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ရေး လုပ်ငန်းများကိုလည်း ကိုယ်ဝန်ဆောင် မိခင်များ၏ (၇၇%)က လက်လှမ်းမီရရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။

 

      ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာန၏ ညွှန်ကြားရေးမှူး Dr. Swarup Kumar Sarkar က ရုပ်သံဖိုင်ဖြင့် ပြောကြားရာ တွင် ယခုအမျိုးသားမဟာဗျူဟာစီမံကိန်းတွင် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုဦးစားပေးအဆင့် ဒေသအလိုက်အကျိုးရှိထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲ ထားသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

    ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် အိပ်ချ်အိုင်ဗွီပိုးရှိရှင်သန်သူများကွန်ယက်တို့၏ ပြခန်းငယ်များအား လှည့်လည် ကြည့်ရှုအားပေးသည်။

 

    အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေးအားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာမြသောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 

More Tags