NOW LOADING

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများ အရည်အသွေး ပိုမိုတိုးတက်စေရန် ပြည်ပနိုင်ငံများသို့ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံ၊ လေ့လာရေးခရီးနှင့် သင်တန်းများစေလွှတ်လျက်ရှိ

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ နိုင်ငံတကာ အတွေ့အကြုံရရှိစေရန်၊ တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ပြည်သူများအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးနှင့် နှီးနွယ်သော အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံ၊ လေ့လာရေးခရီး၊ ဘွဲ့မရသင်တန်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ရန် ပြည်ပနိုင်ငံများသို့ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ စေလွှတ်မှုအခြေအနေအား အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

      သင်တန်းများ တက်ရောက်ရန် အများဆုံးစေလွှတ်ထားသော နိုင်ငံများမှာ ထိုင်း (၃၅၂)ဦး၊ ဂျပန် (၂၉၆)ဦး၊ ကိုးရီးယား (၂၁၃)ဦး၊ တရုတ် (၉၉)ဦး၊ စင်္ကာပူ (၇၆)ဦး၊ အမေရိကန် (၆၉)ဦး၊ သြစတြေးလျ (၆၃)ဉီး အိန္ဒိယ (၆၀)ဦးတို့ဖြစ်ပြီး စုစုပေါင်း နိုင်ငံပေါင်း (၂၈)နိုင်ငံသို့ ဘွဲ့မရနှင့် ဘွဲ့ရ သင်တန်းများတက်ရောက်ရန် ပညာသင်များ စေလွှတ်ခဲ့ပါသည်။
ထိုကဲ့သို့ စေလွှတ်မှုများတွင် ကုန်ကျစရိတ်များ၏ ၅ % ခန့်ကိုသာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံရခြင်းဖြစ်ပါသည်။

More Tags